(မှတ်ချက် - ဤဆောင်းပါးကို
Dr. ဝန်းဟန်ဦးမှ
ရေးသားထားပြီး Scholarship & Work Vacancy Facebook Group တွင် မျှဝေထားသည်ကို သူ၏
ခွင့်ပြုချက်ဖြင့် ပြန်လည် မျှဝေပါသည်။)
ကျွန်တော် ကျောင်းပြီးလို့ Bachelor ဘွဲ့ရတော့
အလုပ်မရှိသေးဘူး။ ဟိုစပ်စပ်ဒီစပ်စပ်ပေါ့။ ကံကောင်းထောက်မစွာနဲ့ သိပ်
မစောင့်လိုက်ရပဲ နိုင်ငံတကာ အဖွဲ့ အစည်း တစ်ခုမှာ အလုပ်စရတယ်။ နယ်မှာ တာဝန်ကျတယ်။
ပိုက်ဆံလဲ အထိုက်အလျှေက် ရတော့ပျော်နေတာပေါ့နော်။ ဒီလိုနဲ့နေလာလိုက်တာ တစ်နေ့
ရန်ကုန်ရုံးချုပ်က အစည်းဝေးရှိလို့ ခေါ်တော့ရန်ကုန်လာရတယ်။
အစည်းဝေးက မစသေးတော့ ကိုယ်နဲ့သိတဲ့
လုပ်ဖော်ကိုင်ဘက် အကိုကြီး အမကြီးတွေနားမှာ သွားထိုင်တာပေါ့။ ပြသနာက
သူတို့နားထိုင်မိမှ စတာ။ သူတို့ပြောနေသော စကားလုံးများကို ကျွှန်တော်နားမလည်။
သူတို့ ပြောနေသော Scholarship နာမည်များကို
မကြားဘူး။ သူတို့ပြောနေသော စာမေးပွဲများကို ကျွန်တော်မသိ။ သို့သော် ပိုးတစ်ခုတော့ဝင်သွားသည်။
ငါလည်း စကော်လာရှစ်ဆိုတာကြီး ရချင်သည်။ စကော်လာရှစ်ဆိုတာ
ရရင်ဘာလုပ်ရမယ်တော့သေချာမသိ။ သို့သော်ရချင်သည်။ ကိစ္စမရှိ။
ညနေ အစည်းအဝေးပြီးတော့ ကိုယ်နဲ့ခင်တဲ့
အကိုကြီးနားကပ်ပြီး သွားပြောသည်။ “အကိုကြီး ကျွန်တော်လဲ အဲ့ စကော်လာရှစ် ဆိုတာ
ရချင်တယ်၊ ဘာလုပ်ရမလဲ” ။ သူ သက်ပျင်းချသည်။ ကျွန်တော့်ကို ဟိုဟာရှိလား
ဒီဟာလုပ်ပြီးပြီလားတွေ ပြန်မေးသည်။ ကျွန်တော်ကလဲ အားကျ မခံ သူမေးတဲ့ ဟာတွေကို
ဘာတွေလဲဟုပြန်မေးသည်။ သူတော်တော်စိတ်ညစ်သွားသည် ထင်သည်။ သို့သော် ကျွန်တော့်ကို website
link တချို့ပေးလိုက်သည်။ “
မင်းအဲ့တာတွေ အရင်ဖတ်ကြည့်၊ နောက်တစ်ခေါက်ကျ ထပ်မေး” ဟုပြောသည်။
ထိုပုံထိုနည်းဖြင့် ကျွန်တော် Scholarship
ဆိုတာကို စသိခဲ့သည်။
ဖြစ်နိုင်ချေ အများအနည်းကို မတွက်ချက်ပဲ နံကြားထောက်ပြီး တွေ့ကရာလျှောက်သည်။
ရခဲ့တာတွေရှိသလို မရခဲ့တာတွေလဲ ဒုနဲ့ဒေး။ ကြာလာတော့ နည်းနည်းတော့ နားလည်လာသည်။
စဉ်းစားမိသည်က ယခုလို ပွင့်လင်းလာသောကာလတွင် Scholarship လျှေက်မည့်သူများကို အတွေ့အကြုံရှိသူများက
အနည်းငယ် ကူညီလျှင်ဖြင့် အချိန်ကုန်သက်သာ၊ လူပင်ပန်းသက်သာစွာနှင့်
လိုရာပန်းတိုင်ကို ရောက်မလားလို့။ ထိုရည်ရွယ်ချက်ဖြင့် ဒီ status ကိုရေးသည်။ ကျွန်တော် ဘာကောင်မှ
မဟုတ်သလို Scholarship expert လဲမဟုတ်ရပါ။
ကျွန်တော့် ရည်ရွယ်ချက်က ညီငယ် ညီမငယ်များပါ။ Scholarship
လျှေက်ဖူး၊ ရဖူး၊
နိုင်ငံခြားတွင် ကျောင်းတက်ဖူးသော အကို အမ လုပ်ဖော်ကိုင်ဖက်များအတွက် မဟုတ်ပါ။
နောက်တစ်ခုက ယခု ပြောမည့်အကြောင်းအရာများသည် အစိုးရ ဝန်ထမ်းများ အတွက် တိုက်ရိုက်
သက်ဆိုင်လိမ့်မည် မဟုတ်ပါ။ သူတို့အတွက်က သီးသန့် လမ်းကြောင်းနှင့်
ပုံစံတစ်မျိုးဟုသိရပါသည်။ နောက်တစ်ခုက ယခုဖော်ပြချက်များသည်
ကျွန်တော်လေ့လာသိရှိရသော အချက်များနှင့်ကျွန်တော့်ရဲ့ အတွေ့အကြုံပေါ် အခြေခံပါသည်။
၁. ဘာလို့ Scholarship လျှေက်ကြတာလဲ
အများစုက အမှန်တကယ် ကျောင်းတက်ဖို့
ငွေမရှိလို့။ သို့သော် ငွေကြေးတစ်ခုတည်းမဟုတ်။ ပိုက်ဆံရှိသူများလည်း လျှေက်ကြသည်။
ငွေကြေးအပြင် Scholarship နှင့်ကျောင်းတက်သည်ဆိုသော
ဂုဏ်နှင့် အတွေ့အကြုံ လိုချင်လို့လဲပါမည်ထင်သည်။
၂. ဘယ်လိုလူတွေ Scholarship ရကြလဲ
Scholarship ဆိုတာ
တော်တဲ့လူတွေပဲရကြတာ လို့ထင်ရင်မှားပါတယ်။ Scholarship ဆိုတာ လျှေက်တဲ့လူတွေရပါတယ်။ သို့သော် Scholarship
ရလောက်သော minimum
level အရည်
အချင်းတော့ရှိထားရပါမယ်။
၃. Scholarship အမျိုးအစားတွေက ဘာတွေလဲ
အမျိုးမျိုး ခွဲခြားလို့ရပါသည်။
- full scholar
(မိမိအိတ်ထဲက
ဘာမှစိုက်စရာမလို) & partial scholar ( ပေးနိုင်သလောက်ပဲပေးပြီး လိုတာကို
ကိုယ်ကစိုက်ရ)
- string
attached ( ကျောင်းပြီးလျှင်
မိမိ ဘက်က ဘာပြန်လုပ်ပေးရမည်၊ စသည်ဖြင့် ချုပ်ထားတာမျိုး) & not string
attached (အချုပ် အနှောင်
ဘာမှ မရှိတာမျိုး)
- short term (
အချို့ Scholarship
များက
ရေရှည်ကျောင်းတက်ဖို့မဟုတ်ပဲ နိုင်ငံခြား ခရီးသွားဖို့၊ ကွန်ပျူတာဝယ်ဖို့
ပေးတာရှိသလို) & long term ( အချို့ Scholarship
များက နှစ်ရှည်
ပေးတာလဲရှိသည်၊ Eg PhD scholarship)
- Government
Scholarship ( သက်ဆိုင်ရာ
ပညာသင်ကြားရမည့် အစိုးရက ပေးတာရှိသလို) & Non-government Scholarship (
သက်ဆိုင်ရာ တက္ကသိုလ်၊
အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များက ပေးတာလဲရှိသည်)။ Government Scholarship များသည် ပိုစနစ်ကျတတ်သလို
ရလျှင်လဲ visa လျောက်ရတာက အစ
သိပ်စိတ်ညစ်စရာမလို။
၄. ဘယ် အချက်တွေက Scholarship ရစေတာလဲ
Scholarship လျှေက်သူတိုင်း
စိတ်ဝင်စားတယ်။ လျှေက်မှတော့ရချင်တာကို။ အချက်များစွာရှိမထင်မယ် ထင်ပါတယ်။ အချို့ Scholarship
များက ခေါ်ကတည်းက selection
criteria ကို ရေးပြထားလေ့ရှိတယ်။
သို့သော် ရေးမထားသော နောက်ကွယ်က agenda များလဲရှိမည်ဟု မိမိ အတွေ့အကြုံအရသုံးသပ်ပါတယ်။
- အများစုထင်တာ
တော်တဲ့လူနဲ့ သူ့လောက် မတော်သူ ယှဉ်လျှောက်ရင် တော်တဲ့သူကိုသာရွေးတယ်လို့
ထင်ကြတယ်။ အဲ့လိုမဟုတ်ပါ။ သူတို့ mission (ပေးချင်သောဘာသာရပ်၊ နောက်ခံနိုင်ငံရေး စိတ်ဝင်စားမှု၊
ပေးသော အဖွဲ့အစည်း၏ မူဝါဒ၊ ယခုနှစ်အလှည့်ကျသော အကြောင်းအရာ) စသည့်အချက်များပေါ်တွင်မူတည်ပါတယ်။
သူတို့ လိုချင်တာနှင့် မိမိလျှေက်တာနှင့် ကိုက်လျှင် ရဖို့ အခွင့်အရေးများပြီ။
ဒါကြောင့် မိမိ လျောက်မယ့် Scholarship ၏ နောက်ခံသမိုင်းကြောင်း၊ interest ၊ ဘယ်လိုလူတွေရဖူးလဲ (ကျား မ၊
တိုင်ရင်းသားလူမျိုး စသည်)၊ ဘယ်ဘာသာရပ်တွေရဖူးလဲ၊ Bachelor ကိုပေးတာလား Master ကိုပေးတာလား၊ PhD ကိုပေးတာလား စတာတွေကို ကြိုတင်လေ့လာသင့်တယ်။
ရဖူးသူများကို လက်လှမ်းမီပါက မေးမြန်းကြည့်သင့်ပါတယ်။
- မိမိ career
background နှင့်
လျှောက်မည့် ဘာသာရပ်ဘယ်လောက် ကိုက်ညီမှုရှိသလဲ။ ဒါလဲအရေးကြီးပါတယ်။ ဥပမာ….ကိုယ်က
ဆရာဝန်ဘွဲ့ ရထားပြီး MBA Scholarship လျှောက်ရင် မလွယ်လှ။ လုံးဝလျှောက်လို့မရဟု မဆိုလို။
ကြားထဲမှာ တစ်ခုခုလုပ်ဖို့လိုပါတယ်။ ဥပမာ ဆေးကုမ္ပဏီမှာ
လပိုင်းလောက်သွားလုပ်ပြီးမှ အဲ့ဒီ experience ပြပြီးလျှောက်တာမျိုး။
- နောက်တစ်ခုက မိမိ application
ရဲ့ အရည်အသွေးနှင့်
ပြည့်စုံမှုပါ။ အချို့ နောက်ခံ အတွေ့အကြုံက ဘာမှ သိပ်မဟုတ်ပါပဲနှင့် application
တွင် ထိထိမိမိ
ရေးနိုင်သဖြင့် ရသွားသူများလဲ တွေ့ဘူးပါတယ်။ Scholarship အားလုံးနီးပါး essay ၂ ပုဒ်၊ ၃ ပုဒ် စသည် ဖြင့်ရေးခိုင်းလေ့ရှိတယ်။ Essay
များဟာ application
၏ အသက်ဖြစ်ပါတယ်။ essay
ရေးရာမှာ အရေးကြီးတာမှာ
ဖြစ်နိုင်တာကို ရေးပါ။ မဖြစ်နိုင်တာကို ဆင်ဖမ်းမယ် ကျားဖမ်းမယ် မလုပ်ပါနဲ့။
နောက်တစ်ခုက ဒီ Scholarship ပေးတဲ့လူတွေ
ငါတို့ဒေသအကြောင်း၊ နိုင်ငံ အကြောင်း မသိဘူးမထင်ပါနှင့်။ တစ်ချို့
ကိုယ့်ထက်တောင်သိပါတယ်။ အဲ့တော့ မရွှီးပါနှင့်၊ မဖြီးပါနဲ့။ သေချာသိမှ ထည့်ရေးပါ။
မိမိရေးထားတဲ့ essay တွေကို အခြား English ကျွမ်းကျင်သူတစ်ယောက်က proof reading ဖတ်ပေးနိုင်လျှင်ပိုကောင်းသည်။
Application
guideline ကို တိတိကျကျ
လိုက်နာပါ။ စာလုံးရေက အစ၊ လိုအပ်သော စာရွက်စာတမ်း များအဆုံး လျှောက်မယ်လို့ ဆုံး
ဖြတ်ရင် တော့ပြည့်စုံအောင်လုပ်ပါ။ အစတည်းက demand များတယ်ထင်ရင် အဲ့ Scholarship မလျှေက်ပါနှင့်။ Full
Scholarship တော်တော်များများ
demand များပါသည်။
- နောက်တစ်ခုက timing
ပါ။ Timing ဟုဆိုရာဝယ် Scholarship
ရဲ့ timing နှင့် ကျောင်းများ၏
စာသင်နှစ် (Academic year) ကိုဆိုလိုပါသည်။
အရေးကြီးသည်မှာ မည်သည့် Scholarship မှ deadline ကျော်လျှင်
လက်မခံပါ။ Scholarship မပိတ်ခင်
အမီလျှေက်ရန်လိုပါသည်။ အကယ်၍ Scholarship agency နှင့် ကျောင်းက ညှိထားခြင််းမရှိပါက မိမိက
စဉ်းစားရမည်။ Scholarship ပေးချင်သော
အချိန်နှင့် ကိုက်ညီသော စာသင်နှစ် (academic year) (သို့) အခြား subject တူကျောင်းကိုု ရွေးနိုင်ပါက
ပိုအဆင်ပြေပါလိမ့်မည်။
- နောက်တစ်ခုက minimum
requirement ပါ။ Scholarship
ရဖို့
လန်ပြန်နေအောင်တော်စရာမလိုသော်လဲ အခြေခံလိုအပ်ချက်များကတော့ ပြည့်စုံရမည်။ Scholarship
အများစုက English စာကျွမ်းကျင်မှု (IELTS
or TOEFL or အခြား နိုင်ငံတကာ
အသိအမှတ်ပြု လက်မှတ်များ) နှင့် လုပ်ငန်းအတွေ့အကြုံ နှစ်
အပိုင်းအခြားတစ်ခုတောင်းတတ်သည်။ အခြားအချက်များလဲ ရှိပါသည်။ minimum
requirement များသော scholarship
ကို မကြောက်ပါနှင့်။
မိမိလို ကြောက်သောသူများ ရှိသဖြင့် မိမိက requirement ကို ပြည့်စုံအောင်ဖြည့်ဆည်းနိုင်ပါက မိမိ အတွက်
အခွင့်အရေးပိုပါသည်။
- နောက်တစ်ခုက honesty
ရိုးသားမှုပါ။
မိမိမရိုးသားတာကို တွေ့သွားပါက မိမိ application ဘယ်လောက်ပင်ကောင်းစေကာမူ ပယ်ချတတ်ပါသည်။
ပိုဆိုးသည်က blacklist ဝင်သွားတတ်သေးသည်။
မိမိ မရိုးသားတာကို သူတို့ မသိလောက်ပါဘူးဟု မထင်စေချင်။ ဒီလူတွေက တစ်နှစ် တစ်နှစ် scholarship
application ပေါင်း ထောင်ချီ၊
interview ပေါင်းများစွာ
အတွေ့အကြုံ ရှိသည်။ မိမိ ပါးစပ်ဟသည်နှင့် ဘာလဲဆိုတာ သိတာများသည်။
- နောက်ဆုံး အချက်ကတော့
မိမိရဲ့ luck ကံနှင့်လဲ
ဆိုင်လိမ့်မည်။ အခြားအချက်များစွာလဲရှိလိမ့်မည်။
နောက်တစ်ပိုင်းတွင် scholarship လျှောက်ရန်ပြင်ဆင်ခြင်းမှအစ
အဆင့်ဆင့် တင်ပြပါမည်။
ရေးသားသူ - Win Han Oo (Dr.)
ဒေါက်တာ ဝင်းဟန်ဦးသည် ဆရာဝန်တစ်ယောက်ဖြစ်ပြီး
ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အတွက် စီမံကိန်းများရေးဆွဲခြင်း၊
အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် သုံးသပ်ခြင်းနှင့်
အစီရင်ခံတင်ပြခြင်း လုပ်ငန်းများအပြင် ကျန်းမာရေးစနစ်ဆိုင်ရာ
သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်လျှက်ရှိပါသည်။ တစ်ချိန်တည်းတွင် Australia
နိုင်ငံ Melbourne
မြို့ရှိ Deakin
University တွင်လည်း
ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ပါရဂူဘွဲ့ (PhD) ကို ကူးစက်ရောဂါများ အထူးပြုဖြင့်
တက်ရောက်လျက်ရှိပါသည်။ သူသည် Australia နိုင်ငံ အခြစိုက် ဆေးသုတေသန အဖွဲ့တစ်ခုဖြစ်သည့် Burnet
Institute တွင်လည်း
စီမံကိန်း မန်နေဂျာ (Program Manager) နှင့် အဓိကသုတေသီ (Principal Investigator) အဖြစ် Burnet
Institute ၏ ဆေးသုတေသန
လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လျှက်ရှိသည်။
သူသည် ဆေးပညာဘွဲ့ (M.B.,B.S) ကို ၂၀၀၈ ခုနှစ်တွင်
ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်မှ လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ မဟာဘွဲ့(MPH
– Global Health) ကို ၂၀၁၃
ခုနှစ်တွင် Thammasat University ၊ဘန်ကောက်
မှလည်းကောင်း အသီးသီး ရရှိခဲ့ပါသည်။
အချိန်ပိုင်းအလုပ်အဖြစ် သုတေသနလုပ်ငန်းများ (research)
နှင့် အင်္ဂလိပ် - မြန်မာ
ဘာသာပြန်ခြင်း (interpretation and translation) ကို လွှတ်တော်လုပ်ငန်းဆိုင်ရာများ၊ ကျန်းမာရေး၊
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး နှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေး
နယ်ပယ်များတွင် လုပ်ကိုင်လျက်ရှိပါသည်။
ကုသိုလ်ဖြစ် လုပ်ငန်းများ အဖြစ် သုတေသနနှင့်
ပတ်သက်သည့် သင်ခန်းစာများ (research methodology, biostatistics,
epidemiology) နှင့် software
များ (endnote,
STATA, Nvivo) သင်ကြားကြားပို့ချခြင်း
နှင့် မြန်မာလူငယ်များ နိုင်ငံခြားတွင်ပညာတော်သင်သွားနိုင်ရန် Scholarship ဆိုင်ရာသတင်းအချက်အလက်များ
မျှဝေခြင်းလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိပါသည်။
ကျွန်တော် အရင်တစ်ပတ်က scholarship အကြောင်း ထွေထွေ
အနေနဲ့တင်ပြခဲ့ပါတယ် [Scholarship နှင့်ကျွန်တော်
(၁)] ။ အခုတော့ Scholarship လျှေက်ရန်ပြင်ဆင်ခြင်းအကြောင်း
တင်ပြလိုပါတယ်။ Scholarship လျှေက်ရာတွင်၊
တနည်း Scholarship နှင့်
နိုင်ငံခြားတွင်ကျောင်းတက်ဖို့ကြိုးစားရာတွင် မိမိ အိမ်မက် နှင့်ဆုံးဖြတ်ချက်
ပြတ်သားဖို့လိုပေလိမ့်မည်။
- ဘာကြောင့် Scholarship
လိုချင်တာလဲ၊ သူများ Scholarship
လို့ ကိုယ်လိုက်
ရှစ်တာလား။ ဒီခေတ်ကြီးထဲ လူတိုင်းနိုင်ငံခြားတွင် ကျောင်းတက်နေကြသည်၊ ငါလဲ
လိုက်တက်မှပဲ ဟု peer pressure နဲ့လျှေက်တာလား။ ဒါတွေကြောင့်ဆိုလျှင်တော့
မိမိ Scholarship application က
သိပ်ခိုင်မာမည်မဟုတ်။
- မိမိ ဘဝတွင်
ဘာဖြစ်ချင်တာလဲ။ ဘယ် career ကိုရွေးချင်တာလဲ။
မိမိ စိတ်မဝင်စားသော၊ မလုပ်ချင်သော ဘာသာရပ် ကို Scholarship ရနေရင်တောင် မတက်ပါနှင့်။ ကျောင်းတွင်စာ
မလိုက်နိုင်ပဲ ဖြစ်နိုင်သလို မိမိ ဘဝ အတွက် အချိန်ကုန်ပါသည်။
- ဘယ်ဘာသာရပ်ကို
တက်ချင်တာလဲ (ဒါကတော့ ပြတ်သားဖို့လိုသည်)၊
- ဘယ်နိုင်ငံမှာ
တက်ချင်တာလဲ(တစ်နိုင်ငံတည်း သတ်မှတ်ထားစရာ မလို၊ မိမိအတွက်ဘောင်ကျဉ်းသွားမည်)၊
- ဘယ် university မှာ တက်ချင်တာလဲ (
တက္ကသိုလ် တစ်ခုထဲ သတ်မှတ်ထားစရာ မလို၊ သို့သော် မိမိ အနေနှင့် university
ranking ဘယ်လောက်အတွင်းဝင်သော
တက္ကသိုလ်တွင်သာ တက်မည်ဟု ဆုံးဖြတ်ထားနိုင်သည်)။
- အထက်ပါ အချက်များကို
စဉ်းစားပြီးပါက သင့်တွင် အကြမ်းဖျင်း idea တော့ရပြီ။ ဘယ် ဘာသာရပ်ကို ဘယ်လိုနိုင်ငံမျိူးတွင် ဘယ်လို
တက္ကသိုလ် အဆင့်အတန်းမျိုး မှာ တက်ချင်သည်ဆိုတာ သိပြီ။ ဒါဆို အဲလို
အနေအထားမျိုးကို ဘယ်လို Scholarship တွေက ပေးနေလဲ လိုက်ရှာဖို့လိုပါသည်။ Source of
Scholarship များသည်
ယနေ့ခေတ်တွင် နေရာတကာမှာ တွေ့နေရသည်။ Facebook groups များတွင်လဲ ဝေငှကြသည်။ ကျွန်တော့ အတွေ့အကြုံ အရ
အောက်ပါ source 2 ခုတွင်
လေ့လာလျှင် အတော်အတန်တွေ့နိုင်သည်။
•
http://myanmarstudyabroad.org/ အာရှ
နိုင်ငံတွင်း Scholarship အများ
စုပါဝင်သည်။
•
http://scholarship-positions.com/ တစ်ကမ္ဘာလုံးက Scholarship
များပါဝင်သည်။ မိမိ email
ကို ပေးထားပါက Scholarship
များ အသစ် ထွက်သမျှ ပုံမှန်
ပို့ပေး နေလိမ့်မည်။ အခမဲ့ပါ။
- နောက်တစ်ခုက မိမိသည် full
Scholarship ရမှ တက်မှာလား။
အိတ်စိုက်ရ မည်ဆိုပါက ဘယ်လောက်စိုက်နိုင်လဲဆိုတာလဲ ထည့်စဉ်းစားထားသင့်သည်။
Scholarship များသည် သူ့အချိန်နှင့်သာ
သူဖွင့်သည်။ မိမိ လျှေက်ချင်သည့် အချိန်လျှေက်၍ မရ။ ဖွင့်ပြန်လျှင်လည်း လပိုင်းသာ
ကြာတတ်ပြီး application deadline သို့
လျှင်မြန်စွာ ရောက်လာတတ်သည်။ Full Scholarship တော်တော်များများသည် မိမိဘက်က တင်ပြရမည့်
စာရွက်စာတမ်းများ အတော် အတန်ရှိပေလိမ့်မည်။ မိမိဘက်မှ တင်ပြရမည့်စာရွက် စာတမ်းများ
နှင့် အခြားလို အပ်ချက်များကို ကြိုတင်ပြင်ဆင်ထားပါမှ တော်ကာကျပေလိမ့်မည်။
လိုအပ်ချက်သိပ်မများပဲ လူတိုင်းနီးပါး အလွယ်တကူ လျှောက်လို့ ရတဲ့ Scholarship
တွေလဲရှိသည်။ သို့သော်
လူတိုင်နီးပါး ဝင်လျှေက်ကြလိမ့်မည်။ ဥပမာ AusAID လို့လူသိများတဲ့ Australian Awards
Scholarship ကို တစ်နှစ်လျှင်
လူ ၁,၀၀၀ လောက်
လျှေက်တဲ့ အချိန်မှာ NewZealand ASEAN Scholars Awards ကို လူ ၁၀၀ နီးပါးသာလျှေက်ကြသည်။ ဒီနှစ်တော့ NZ
Scholarship ပုံစံပြောင်းသွားသည်
ဟုကြားသည်။
အောက်ဖော်ပြပါလိုအပ်ချက်များသည် Full
Scholarship အများစု၏
လိုအပ်ချက်များ ဖြစ်ပြီး Scholarship တစ်ခုချင်းစီအလိုက် ကွဲပြားနိုင်ပါသည်။
1. လုပ်ငန်းအတွေ့ အကြုံ
မိမိလျှေက်မည့် Scholarship နှင့် ကိုက်ညီသော
လုပ်ငန်း အတွေ့ အကြုံ ပြရန်လိုသည်။ အများစု master degree အတွက် ၂ နှစ်လောက်တောင်းလေ့ရှိသည်။ အချို့လဲ ၁
နှစ်၊ ၃ နှစ် စသည်ဖြင့်တောင်းလေ့ရှိသည်။ ဥပမာ Master of Public Health တက်ချင်သူ အတွက် Bachelor
ဘွဲ့ရပြီး NGO,
INGO သို့
ပြည်သူ့ကျန်းမာရေးနှင့်ဆက်စပ်သော လုပ်ငန်းအတွေ့အကြုံကို ဆိုလိုပါသည်။ မိမိတွင်
လုပ်ငန်းအတွေ့ အကြုံ မရှိသေးလျှင် Volunteer လုပ်ဖူးသော အတွေ့အကြုံ များကို ထည့်သွင်းပြသပါ။
ဆိုလိုသည်မှာ မိမိသည် ဒီဘွဲ့ရပြီးပါက ဒီလောကတွင် ဒီအလုပ်မျိုးကို
ဆက်လုပ်ပါမည်ဆိုတာ သူတို့ယုံကြည်ဖို့လိုသည်။
2. English စာကျွှမ်းကျင်မှု
US ကျောင်းများက TOEFL
အမှတ်တောင်းတတ်သလို
အခြားကျောင်းများက IELTS အမှတ် ပြလျှင်
ရသည်။ အခြား test များလဲ
ရှိသေးသည်။ အကြံပြုလိုသည်မှာ မိမိက America မှ America ဆိုလျှင်တော့ TOEFL သာ ဖြေထားပါ။ မဟုတ်ပါက IELTS ဖြေဖို့ လုပ်ပါ။ IELTS
အမှတ်ရှိပါက Europe,
Australia, NZ နှင့်
အခြားနိုင်ငံများတွင် (US မှ အပ)
ကျောင်းတက်နိုင်သည်။ သတိပြုရန်မှာ English စာအမှတ်ကို ကျောင်းဝင်ခွင့် အတွက်သာမက၊ Scholarship များကလဲတောင်းပါသည်။
အချို့ full scholar များ English
စာအမှတ်
မရှိလဲလျှေက်လို့ရသည်။ သို့သော် မိမိ shortlist ထဲပါ ပါက မလွဲ မသွေ ဖြေရပေမည်။ ဖြေရတာမှ
တစ်ဆင့်တည်းမဟုတ်၊ ၂ဆင့် ၃ ဆင့် ဖြေရတတ်သည်။ နောက်ဆုံး IELTS သို့ TOEFL ဖြေရသည်။ IELTS နှင့် TOEFL များသည် ယနေ့ ပြင်ဆင်
နက်ဖြန်ဖြေလို့ကောင်းသည့် test များမဟုတ်။
အချိန်ယူသေချာ ပြင်ဆင်မှ အမှတ်ကောင်းရပေမည်။ ထို့ကြောင့် ကျွှန်တော့် အလို အရတော့
သူတို့စစ်မည့် English test ကို စောင့် မနေပဲ
ကိုယ့်ဟာကိုယ် သေချာပြင်ဆင်ပြီး ဖြေထားတာကောင်းပါသည်။ English စာကြောင့် စိတ်အနှောင့်
အယှက် မဖြစ်တော့။ သူတို့ Scholarship မရလဲ တခြား Scholarship တွေ လိုက်လျှေက်လို့ရသည်။ မိမိ အတွက်
ဘောင်ကျယ်သည်။ အချို့ Scholarship အကုန်
အဆင်ပြေပြီးမှ English test အဆင်မပြေလို့
လက်လွတ်လိုက်ရသူများတွေ့ဖူးသည်။ သတိရရန်မှာ English မကောင်းပဲနှင့် မြန်မာနိုင်ငံမှ လွဲ၍ ဘယ်မှာမှ
ကျောင်းတက်လို့ မရ။ ဘယ်တတ်နိုင်မလဲ၊ ကိုယ့် မြန်မာစကား ကမှ ကမ္ဘာသုံး စကားမဟုတ်တာ။
(နောင်တွင် IELTS အကြောင်း
အသေးစိတ်ရေးအုန်းမည်)။
3. ကျောင်းဝင်ခွင့် (letter
of offer, conditional or unconditional )
Scholarship လျှေက်ရာတွင်
မေးခွန်းတစ်ခုမှာ ကျောင်းအရင်လျှေက်မလား၊ Scholarship အရင်လျှေက်မလားဖြစ်သည်။ အချို့ Scholarship
များက ကျောင်းဝင်ခွင့်ရ
ထားစရာမလို၊ တက်ချင်သောကျောင်း(university)များ ကို Scholarship လျှေက်ရာတွင် အဆိုပြုရသည် (eg.
Fulbright, AusAID )။ မိမိ Scholarship
ရမှ သူတို့က
ကျောင်းလျှေက်ပေးသည်။ သို့သော်အခြား Scholarship တော်တော်များများက
ကျောင်းဝင်ခွင့်ရထားသူများကို ပေးလေ့ရှိသည်။ ဆိုလိုသည်မှာ Scholarship လျှေက်ကတည်းက သက်ဆိုင်ရာ university
၏ offer letter ပြရလေ့ရှိသည်။ University
များသည် မိမိတက်ချင်သော
ဘာသာရပ်ကို လက်ခံပြီဆိုပါက conditional offer letter ထုတ်ပေးလေ့ရှိပြီး English test သတ်မှတ်ချက် ပြည့်စုံပါက unconditional
offer letter ထုတ်ပေးလေ့ရှိသည်။
အကြံပြုလိုသည်မှာ ကျောင်းအရင် လျှေက်ထားပါ။ မိမိတွင် unconditional offer
letter ရထားပါက ကြိုက်ရာ Scholarship
လျှေက်လို့ရသည်။
ကျောင်းအရင်လျှေက်စရာ မလိုသော Scholarship များကိုလဲ မိမိကျောင်းဝင်ခွင့်ရထားသော university ကို
ထည့်လျှေက်လို့ရပါသည်။ အပြစ် မဖြစ်ပါ။ Scholarship ရပါက အဲ့ဒီ university ကို တန်းဝင်သွားမည်။ ဘာ Scholarship မှ မရလို့ မတက်နိုင်ရင်လဲ
ကျောင်းကို အားနာစရာ မလိုပါ။ နောက်စာသင်နှစ်ကို ရွေ့ (defer) လိုကရွှေ့၊ ငြင်းလိုက
ငြင်း (cancel) နိုင်သည်။
4. အမှတ်စားရင် (Academic
transcripts) နှင့်
ဘွဲ့လက်မှတ် (Graduation Certificates) များ
မိမိ ရရှိခဲ့ဘူးသော ဘွဲ့လက်မှတ်များနှင့်
အမှတ်စာရင်းများကို ကျောင်းလျှေက်ရာတွက် မလွဲ မသွေတောင်းမည်ဖြစ်ပြီး Scholarship
လျှေက်ရာတွင်လဲတောင်းတတ်ပါသည်။
ရခဲ့ဘူးသမျှ ဘွဲ့ နှင့် အမှတ်စာရင်းများ (application တွင်ထည့်လျှေက်ထားပါက) တင်ပြရန်လိုသည်။
ဘွဲ့လက်မှတ်များ နှင့် အမှတ်စာရင်းများသည် မြန်မာလိုဖြစ်နေပါက English လိုပြန်ရန်လိုအပ်သည်။ Notary
ပြန်သည်ဟုခေါ်သည်။ Notary
ပြန်ခြင်းကို Notary
Public များတွင်ဆောင်ရွက်နိုင်သည်။
Notary Public ဆိုသည်မှာ
ဂုဏ်သိက္ခာရှိသော ရှေ့နေမှ တာဝန်ယူ၍ ဘာသာပြန်ပေးခြင်းဖြစ်သည်။ ကျောင်း/ Scholarship
လျှေက်ရာတွင် Notary
ပြန်ထားသော စာရွက်များကို
ပို့ပေးရလေ့ရှိပါသည်။
အချို့ ကျောင်း၊ Scholarship များသည် Notary ပြန်ခိုင်းသည့် အပြင် Certified
ပါထပ်လုပ်ခိုင်းသည်။ Certified
Copy လုပ်သည်ဆိုတာ စာရွက်
စာတမ်း တစ်ခုကို မိတ္တူဆွဲပြီး ထိုမိတ္တူစာရွက်သည် နဂို မူလ စာရွက်စာတမ်း၏
မိတ္တူမှန်ဖြစ်ကြောင်း certified လုပ်ပေးနိုင်သူ
(အများအားဖြင့် လေးစားရသော ရှေ့နေ၊ သံရုံးဝန်ထမ်း အကြီးအကဲ၊ အစိုးရဝန်ထမ်း
အကြီးအကဲ) ကလက်မှတ်ထိုး၊ တံဆိပ်တုံးနှိပ် တာဝန်ခံပေးခြင်းဖြစ်သည်။ Notary
Public ရှေ့နေ များတွင်ပင်
လွယ်ကူစွာ ဆောင်ရွက်နိုင်သည်။ သင့်အား ကျောင်း/ scholarship မှ ဘွဲ့၊ အမှတ်စာရင်းများကို certified လုပ်ပါဟုပြောလျှင်
ရှိသမျှ English လို Notary
ပြန်ထားပြီးသားရော၊
နိုင်ငံခြားမှ English ဘာသာဖြင့်
ရထားသော စာရွက်စာတမ်းအားလုံးကို Notary Public တွင် certified သွားလုပ်ပါ။ ရှေ့နေက မိမိယူဆောင်လာသော original
documents များကို
တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက မိတ္တူဆွဲ certified လုပ်ပေး ပေလိမ့်မည်။ ရန်ကုန် မြို့ မဟာဗန္ဒုလ
လမ်းနှင့် ဆူးလေ တဝိုက်တွင် Notary Public များ များစွာရှိသည်။ သို့သော် သတိထားရမည်မှာ ယုံကြည်ရသော Notary
Public ကိုသာသုံးပါ။ တွေ့ကရာတွင်
မပြန်ခိုင်းပါနှင့်၊ certified မလုပ်ခိုင်းပါနှင့်။
ကျောင်း/ Scholarship က မိမိ
စာရွက်စာတမ်းများသည် အတုဟုထင်ပါက ကိုယ်ကျိုးနည်းမည့်သူမှာ မိမိသာဖြစ်သည်။ Certified
လုပ်ခိုင်းရတာ
လဲရာဇဝင်ရှိသည်။ ကိုရွှေ မြန်မာများကလဲ (အခြားနိုင်ငံမှ
ကျောင်းသားများလဲပါမည်ထင်သည်) တစ်ချိန်က အခြားနေရာတွင်သာ မတော်လျှင်နေမည်၊
ဒီနေရာတွင်တော့ လက်စောင်းထက်ခဲ့ကြတာကို။ အမှတ်စားရင်၊ ဘွဲ့လက်မှတ်
အတုလုပ်ပြီးကျောင်လျှေက်သည်။ မိမိရခဲ့တဲ့ အမှတ်တွေကတော့ မိုးနားကပ်နေသည်။ သို့သော်
နိုင်ငံခြားတွင် တစ်ကယ်ကျောင်းတက်တော့ ယက်ကန်ယက်ကန် ဖြစ်နေသည်။ အရင်းစစ်တော့
အတုမှန်းသိ၊ ကျောင်းသားလဲ အိမ်ပြန်၊ကျောင်းထုတ်ခံရ၊ နောက်ကျောင်းသားတွေလဲ အခုလို
အလုပ်ရှုပ်ပေါ့နော်။
5. မိမိ ကိုယ်ရေးကိုယ်တာ
စာရွက်စာတမ်းများ
နိုင်ငံကူးလက်မှတ် Passport, မွေးစာရင်း birth
certificate, အိမ်ထောင်စုစာရင်း
household member list, မှတ်ပုံတင် NRC
Card စသည်များကိုတင်ပြခိုင်းတတ်သည်။
မြန်မာလို ဖြစ်က Notary ပြန်ထားရန်လိုပြီး၊
Certified လုပ်ပါ ဆိုက
လုပ်ပေးရန်လိုအပ်ပါသည်။
6. မိမိအားထောက်ခံပေးမည့်သူ
(referee )
Scholarship လျှေက်ရာတွင် မဖြစ်မနေ
ပေးရသည်မှာ မိမိအားထောက်ခံချက် (referee report) ဖြစ်သည်။ Referee report များသည် သက်ဆိုင်ရာ Scholarship မှ ပေးထားသော format
အတိုင်းရေး ရသည်ဖြစ်ရာ referee
report တစ်စောင်ရေးထားပြီး
ရှိသမျှ Scholarship လိုက်လျှေက်၍
မရပေ။ ထို့ကြောင့် မိမိလိုအပ်သော အခါ ရေးပေးမည့် သူများကိုသာ ဆောင်ထား၍ ရသည်။
အများအားဖြင့် ၂ စောင်တောင်းလေ့ရှိသည်။ ပညာရပ်ဆိုင်ရာ ထောက်ခံသူ (Academic
Referee) တစ်ဦး နှင့် အလုပ်မှ
ထောက်ခံသူ ( Work Referee) တစ်ဦး တို့က
ရေးပေးရလေ့ရှိသည်။
Scholarship လျှေက်သူများမှားတတ်သော
အမှားမှာ referee က အဆင့်မြင့်လေလေ
မိမိ Scholarship ရဖို့
အခွင့်အရေးများလေ ဟုထင်တတ်သည်။ ထို အထင်နှင့် professor head ကို referee တောင်းသည်၊ country
director ကို referee
report ရေးခိုင်းသည်။ ပြသနာက
ထိုသူများသည် မအားကြ။ ရေးပေးသည်ထားအုံးတော့ ၁ ခါ၊ ၂ ခါ အပြင်
ပိုတောင်းလို့မကောင်း။ မိမိ ကလည်း ယခုလျှေက်သော Scholarship က တစ်ခါတည်းရသွားလျှင် အရေးမကြီး။ သို့သော်
အများစုက ဘယ်တော့မှ တစ်ခါတည်းနှင့် မပြီး။ အခါ ခါ တောင်းရလေ့ရှိသည်။ အဲ့တော့ အကြံ
ပြုလိုသည်မှာ သိပ် အမြင့်ကြီးတွေ မမှန်းပဲ မိမိ၏ အနီးကပ်ဆရာသမား၊ ပြောမနာ ဆိုမနာ
အကူအညီတောင်းလို့ရမည့်သူများကို ဆောင်ထားပါ။ ၃ -၄ ယောက်လောက် ဆောင်ထားပြီး
သင့်တော်သလို အလှည့်ကျ တောင်းပါ။
အခြား Scholarship တစ်ခုချင်းအလိုက် တောင်းတတ်သော စာရွက်စာတမ်းများ၊
လိုအပ်ချက်များလဲရှိမည်။
အားလုံးအဆင်ပြေကြပါစေ…………………………………
ရေးသားသူ - Win Han Oo (Dr.)
ဒေါက်တာ ဝင်းဟန်ဦးသည် ဆရာဝန်တစ်ယောက်ဖြစ်ပြီး
ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အတွက် စီမံကိန်းများရေးဆွဲခြင်း၊
အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် သုံးသပ်ခြင်းနှင့်
အစီရင်ခံတင်ပြခြင်း လုပ်ငန်းများအပြင် ကျန်းမာရေးစနစ်ဆိုင်ရာ
သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်လျှက်ရှိပါသည်။ တစ်ချိန်တည်းတွင် Australia
နိုင်ငံ Melbourne
မြို့ရှိ Deakin
University တွင်လည်း
ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ပါရဂူဘွဲ့ (PhD) ကို ကူးစက်ရောဂါများ အထူးပြုဖြင့်
တက်ရောက်လျက်ရှိပါသည်။ သူသည် Australia နိုင်ငံ အခြစိုက် ဆေးသုတေသန အဖွဲ့တစ်ခုဖြစ်သည့် Burnet
Institute တွင်လည်း
စီမံကိန်း မန်နေဂျာ (Program Manager) နှင့် အဓိကသုတေသီ (Principal Investigator) အဖြစ် Burnet
Institute ၏ ဆေးသုတေသန လုပ်ငန်းများတွင်
ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လျှက်ရှိသည်။
သူသည် ဆေးပညာဘွဲ့ (M.B.,B.S) ကို ၂၀၀၈ ခုနှစ်တွင်
ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်မှ လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ မဟာဘွဲ့(MPH
– Global Health) ကို ၂၀၁၃
ခုနှစ်တွင် Thammasat University ၊ဘန်ကောက် မှလည်းကောင်း
အသီးသီး ရရှိခဲ့ပါသည်။
အချိန်ပိုင်းအလုပ်အဖြစ် သုတေသနလုပ်ငန်းများ (research)
နှင့် အင်္ဂလိပ် - မြန်မာ
ဘာသာပြန်ခြင်း (interpretation and translation) ကို လွှတ်တော်လုပ်ငန်းဆိုင်ရာများ၊ ကျန်းမာရေး၊
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး နှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေး
နယ်ပယ်များတွင် လုပ်ကိုင်လျက်ရှိပါသည်။
(မှတ်ချက် - ဤဆောင်းပါးကို
Dr. ဝန်းဟန်ဦးမှ
ရေးသားထားပြီး Scholarship & Work Vacancy Facebook Group တွင် မျှဝေထားသည်ကို သူ၏
ခွင့်ပြုချက်ဖြင့် ပြန်လည် မျှဝေပါသည်။)
ကျွန်တော် အရင်အပတ်တွေတုန်းက scholarship
လျှေက်ခြင်းနှင့်
ပတ်သက်ပြီးစာများ ရေးသားခဲ့ဖူးပါသည်။ Scholarship နှင့်ကျွန်တော် (Scholarship ဘယ်လိုလျှေက်ကြမလဲ) ……….
(၁) နှင့် Scholarship နှင့်ကျွန်တော် (Scholarship
လျှေက်ရန်ပြင်ဆင်ခြင်း)
………. (၂) တို့ဖြစ်သည်။ အပိုင်း ၂ တွင် English ဘာသာ စကားတတ်ကျွမ်းမှုမှာ မဖြစ်မနေ ရှိရမည့်
အရည်အချင်းတစ်ခုဖြစ်ကြောင်း တင်ပြခဲ့သည်။
English စာကျွမ်းကျင်မှု
US ကျောင်းများက TOEFL
အမှတ်တောင်းတတ်သလို
အခြားကျောင်းများက IELTS အမှတ် ပြလျှင်
ရသည်။ အခြား test များလဲ
ရှိသေးသည်။ အကြံပြုလိုသည်မှာ မိမိက America မှ America ဆိုလျှင်တော့ TOEFL သာ ဖြေထားပါ။ မဟုတ်ပါက IELTS ဖြေဖို့ လုပ်ပါ။ IELTS
အမှတ်ရှိပါက Europe,
Australia, NZ နှင့်
အခြားနိုင်ငံများတွင် (US မှ အပ)
ကျောင်းတက်နိုင်သည်။ သတိပြုရန်မှာ English စာအမှတ်ကို ကျောင်းဝင်ခွင့် အတွက်သာမက၊ Scholarship များကလဲတောင်းပါသည်။
အချို့ full scholar များ English
စာအမှတ်
မရှိလဲလျှေက်လို့ရသည်။ သို့သော် မိမိ shortlist ထဲပါ ပါက မလွဲ မသွေ ဖြေရပေမည်။ ဖြေရတာမှ
တစ်ဆင့်တည်းမဟုတ်၊ ၂ဆင့် ၃ ဆင့် ဖြေရတတ်သည်။ နောက်ဆုံး IELTS သို့ TOEFL ဖြေရသည်။ IELTS နှင့် TOEFL များသည် ယနေ့ ပြင်ဆင်
နက်ဖြန်ဖြေလို့ကောင်းသည့် test များမဟုတ်။
အချိန်ယူသေချာ ပြင်ဆင်မှ အမှတ်ကောင်းရပေမည်။ ထို့ကြောင့် ကျွှန်တော့် အလို အရတော့
သူတို့စစ်မည့် English test ကို စောင့် မနေပဲ
ကိုယ့်ဟာကိုယ် သေချာပြင်ဆင်ပြီး ဖြေထားတာကောင်းပါသည်။ English စာကြောင့် စိတ်အနှောင့်
အယှက် မဖြစ်တော့။ သူတို့ Scholarship မရလဲ တခြား Scholarship တွေ လိုက်လျှေက်လို့ရသည်။ မိမိ အတွက်
ဘောင်ကျယ်သည်။ အချို့ Scholarship အကုန်
အဆင်ပြေပြီးမှ English test အဆင်မပြေလို့
လက်လွတ်လိုက်ရသူများတွေဖူးသည်။ သတိရရန်မှာ English မကောင်းပဲနှင့် မြန်မာနိုင်ငံမှ လွဲ၍ ဘယ်မှာမှ
ကျောင်းတက်လို့ မရ။ ဘယ်တတ်နိုင်မလဲ၊ ကိုယ့် မြန်မာစကား ကမှ ကမ္ဘာသုံး စကားမဟုတ်တာ။
(နောင်တွင် IELTS အကြောင်း
အသေးစိတ်ရေးအုန်းမည်)။
တင်ပြခဲ့သည့်အတိုင်း မြန်မာများ အတွက် English
စာကျွမ်းကျင်မှုကို
သက်သေပြရန် TOEFL or IELTS အမှတ်
လိုအပ်ပေသည်။ ယခု အပတ်တွက် IELTS အကြောင်း
အနည်းငယ် ချဲ့ထွင်၍ တင်ပြလိုသည်။ အကြောင်းမှာ မိမိမိတ်ဆွေများထဲမှပင် IELTS
ဖြေရန် ဘယ်လို စပြင်ဆင်
ရမလဲဟု မေးနေသူများရှိသည်။ အခြားသိချင်သူများအတွက် လည်းရည်ရွယ်ပါသည်။ ယခုတင်ပြမည့်
ပုံစံမှာ English စာသင်မှာ
မဟုတ်သလို၊ IELTS ကိုလေ့ကျင့်ပေးမည်လည်းမဟုတ်ပါ။
ကျွန်တော် English တစ်ဘက်ကမ်းခတ်
ကျွမ်းကျင်သူလဲ မဟုတ်သလို English စာ ဆရာလဲ
မဟုတ်ပါ။ မိမိဖြေရန်ပြင်ဆင်စဉ်က ရရှိခဲ့သော အတွေ့ အကြုံများပေါ်မူတည်ပြီး ယခုမှ IELTS
ဖြေရန်
စတင်ပြင်ဆင်မည့်သူများကို ရည်ရွယ်အကြံပြုမည်ဖြစ်ပါသည်။ ကျွှန်တော် TOEFL မဖြေဘူး၍ TOEFL အကြောင်း မသိပါ။
သိသူများကို မေးကြပါကုန်။
IELTS ဖြေမည့်သူများ
ကျွန်တော့်ကို မေးလေ့ရှိသော မေးခွန်းများမှာ
၁. ကျွန်တော်၊ ကျွန်မ ဘာတွေလုပ်ဖူးပါသည်။ English
ကြီး ဘယ်နှယောက်နှင့်
ဘယ်နှနှစ် အတူတူ အလုပ်လုပ် ဖူးပါသည်။ အဲ့ဒါ အခု ဖြေရင် အမှတ်ကောင်းမလား။
၂. IELTS ဖြေချင်တယ်၊ ဘယ်က စလုပ်ရမလဲ။
၃. IELTS ရဲ့ component တစ်ခုခုက (eg writing) ဖြေလိုက်တိုင်း အမှတ် မကောင်းဘူး၊ အဲ့ဒါ
ဘယ်လိုလုပ်ရမလဲ။
၄. တစ်ခါထဲ ဆက်တိုက် ၃-၄ လစာ (စာမေးပွဲ ၃-၄
ပွဲစာ) ပိုက်ဆံသွင်းထားလိုက်ရင်ကောင်းမလား။ တစ်ပွဲ မဟုတ်တစ်ပွဲ ကိုယ်လိုချင်တဲ့အမှတ်
ရမှာပါ။
၅. IELTS အမှတ်ကောင်းအောင် ဘာတွေ ကျက်ထားရမလဲ။
၆. IELTS တက်ချင်လို့၊ ဘယ်ကျူရှင်ဆရာတွေ ကောင်းလဲ။
ကျူရှင် မတက်ပဲ ကိုယ့်ဖာကိုယ်လုပ်ရင်ရော ရမလား။
အစရှိသော မေးခွန်းများ ဖြစ်သည်။ ယခု
ဒီမေးခွန်းတွေကို ခြုံငုံပြီး ရေးပါမည်။ ဤအဖြေများသည် ကျွန်တော့်ရဲ့ အမြင်များဖြစ်ပါသည်။
IELTS လို့ခေါ်တဲ့ (International
English Language Testing System) စာမေးပွဲသည် British
Council ကကြီးမှူးကျင်းပပြီး
တစ်ကမ္ဘာလုံးနီးပါ (US မှလွဲ၍) လက်ခံသော
English ဘာသာကျွှမ်းကျင်မှု
အသိအမှတ်ပြုစာမေးပွဲဖြစ်သည် www.britishcouncil.org.mm/exam/ielts . လစဉ်ဖြေဆို၍ ရပြီး
စာမေးပွဲကြေကတော့ ကိုရွှေမြန်မာများ အတွက် မသက်သာလှပါ။ တစ်ခါဖြေ ၂၆၀,၀၀၀ ကျပ်ဖြစ်ပြီး၊
ရန်ကုန်နှင့် မန္တလေးတို့တွင်သာဖြေ၍ ရသည် အသေးစိတ်ကို http://www.britishcouncil.org.mm/…/iel…/dates-fees-locations
တွင်ကြည့်ပါ။ Academic
and General training ဆိုပြီး ၂
မျိးရှိပေမည့် ကျောင်းတက်မည့်သူများက Academic test ကိုသာရွေးရပါမည်။ IELTS တွင် အအောင်၊ အကျ မရှိပါ။ မိမိရလာဒ် ကို
အမှတ်အနေနှင့်ထွက်လာမည်။ အပိုင်း လေးပိုင်း (listening, reading, writing,
speaking) ဖြေဆိုရမည်ဖြစ်ပြီး
တစ်ခုချင်းစီကို အမှတ် ၁ မှ ၉ ထိပေးပါသည်။ ၄ ခုစလုံးပေါင်းပြီး average ရှာကာ သင့်အား IELTS
result ထုတ်ပေးလိမ့်မည်။
နိုင်ငံတကာ ကျောင်းတော်တော်များများက master ဘွဲ့အတွက်ဆိုလျှင် ၆.၅ (တစ်ခုချင်း ၆
ထက်မနည်းရ) နှင့်၊ PhD ဘွဲ့အတွက်
ဆိုလျှင် ၇ (တစ်ခုချင်း ၆.၅ နှင့် writing 7 ထက်မနည်းရ) ရပါက လက်ခံတတ်ပါသည်။
အချို့ဘာသာရပ်အလိုက် ပိုတောင်းတတ်သည်များ ရှိသည်။ ဥပမာ clinical medicine,
education ဘာသာရပ်များသည်
သူများထက် ၀.၅ လောက်ပိုတောင်းတတ်သည်။ သို့သော် ဒီသတ်မှတ်ချက်များသည် အနည်းဆုံး
အမှတ်များဖြစ်ပြီး မိမိက scholarship ပါလျှေက်ချင်ပါက master ဘွဲ့အတွက် ၇ နှင့်၊ PhD အတွက် ၇.၅ လောက်ရထားလျှင် ပိုကောင်းပါသည်။
ဆိုတော့ကာ....ဖြေဆိုမည့်သူများသည် မိမိလျှေက် မည့်ကျောင်း၊ ဘာသာ၊ scholarship
ပေါ်မူတည်ပြီး
ဘယ်လောက်ရအောင်ဖြေမည် ဟု target အရင်ချရပါမည်။
အချို့သူများက ပြောကြသည်။ ငါက နေ့တိုင်း English
လိုထိတွေ့နေတာ၊
ဘယ်အချိန်ဖြေဖြေ အမှတ်ကောင်းကောင်းရမှာ ပဲလို့ထင်ကြသည်။ အဲ့လိုထင်ရင်မှားပါမည်။
တစ်ကယ်တော့ IELTS သည်
စားမေးပွဲတစ်ခုဖြစ်သည်။ စာမေးပွဲကို စာမေးပွဲလိုဆက်ဆံမှရပါမည်။ သင်၏ English
စာကျွမ်းကျင်မှုကို
အချိန်အတိုင်း အတာ တစ်ခု အတွင်းတိုင်းတာနေတာဖြစ်သည်။ ထို့ကြောင့် ပြင်ဆင်သွားရန်လိုအပ်ပါသည်။
မိမိက native speaker များလို
အိပ်ချင်မူးတူးနဲ့ ထဆဲရင်တောင် English လိုပဲ ဆဲရင်တော့တစ်မျိုးပေါ့။ ဒါတောင်မှ အခြား
လွှမ်းမိုးသော အချက်များရှိပါသေးသည်။ စာမေးပွဲဖြေနေစဉ် စိတ်အာရုံ စုစည်းနိုင်မှု၊
အထွေထွေ ဗဟုသုတ၊ ဖြတ်ထိုးဉာဏ်၊ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ
ပင်ပန်းနွမ်းနယ်နေမှုရှိ၊ မရှိ၊ မိမိ၏ ကုသိုလ်ကံ
စသည့်အချက်များပေါ်တွင်မူတည်နေသေးသည်။ သတိချပ်ရန်မှာ တစ်ခါဖြေ ၂၆၀,၀၀၀ တန်သဖြင့် မိမိ၏
အလောင်းအစားသည် စျေး မသေးလှပါ။ ထို့ကြောင့် ခြုံပြောရလျှင် IELTS အမှတ်ကောင်း၊ မကောင်းသည်
သင်၏ English စာ
အမှန်တစ်ကယ်ကျွှမ်းကျင်မှုကို လုံးဝ အတိအကျ မပြောနိုင်ပါ (ယေဘူယျ
အားဖြင့်တော့မှန်ပါသည်)။ ဆိုလိုသည်မှာ သင်English စာ အတော်အသင့်ကောင်းသော်လည်း IELTS အမှတ် ကောင်းချင်မှ
ကောင်နိုင်သလို၊ IELTS အမှတ်ကောင်းတိုင်းလည်း
အပြင်မှာ English အရမ်း
ကောင်းချင်မှ ကောင်းမည်။
ဒါဖြင့် အမှတ်ကောင်းအောင်ဘယ်လိုလုပ်မလဲ။ Exam
ကို Exam လို သဘောထားပြီး Exam
format အတိုင်းလေ့ကျင့်မှ
အမှတ်ကောင်းပါမည်။ IELTS အမှတ်ကောင်းရန် English
စာ ပါမောက္ခတစ်ယေက်လို grammar
များကို အရမ်း
အသေစိတ်သိရန်မလို၊ သို့သော် အခြေခံ grammar တွေကိုတော့ သိရမည်။ ရှိသမျှ English
vocabulary တွေ
အကုန်သိဖို့မလို၊ များများသိရင်ကောင်း သော်လည်း မိမိသိသမျှနှင့်
ဘယ်လိုအသုံးချမလဲကလည်း အရေးကြီးသည်။
IELTS အမှတ်ကောင်းရန် test
format ကိုသိထားရန်လိုသည်။ https://www.ielts.org/about-the-test/test-format-in-detail
တွင်ကြည့်ပါ။ အခြား website
များလဲရှိပေမည်။
ကံကောင်းသည်မှာ ကျွှန်တော်သိသလောက် IELTS test format သည် ပြောင်းလေ့မရှိပါ။
ထို့ကြောင့်သေချာလေ့ကျင့်သွားလျှင် အမှတ်ကောင်းနိုင်ပါသည်။
IELTS တစ်ခါမှ မဖြေဘူးသော
သူတစ်ဦးအနေဖြင့် ကျူရှင်တက်သင့်သည်ဟု မြင်ပါသည်။ အကြောင်းမှာ listing and
reading ကို မိမိဘာသာ စာအုပ်ဝယ်၊
အခွေဝယ်လေ့ကျင့်လို့ရပေမယ့်၊ writing and reading ကို တတ်ကျွှမ်းသော ဆရာများက feedback ပေးမှ အဆင်ပြေပါလိမ့်မည်။
မိမိက နိုင်ငံတကာနှင့် အထိအတွေ့ရှိ၍ speaking ကောင်းသည်ထားအုံး၊ writing မှာ ပြသနာရှိတတ်သည်။
အကြောင်းမှာ မိမိအလုပ်ထဲတွင် ဘယ်နိုင်ငံခြားသားက မှ မိမိ writing and
speaking များတွင် အမှား
များပါနေသည်ကို ထောက်ပြမည် မဟုတ်ပါ။ သူတို့နားလည်နေသမျှ အမှား အတိုင်းနားထောင်၊
ဖတ်နေမည်ဖြစ်သည်။ ဆရာ တစ်ဦးဦးဆီတွင် ကျူရှင်ယူခြင်းဖြင့် placement test ဖြေပြီး မိမိ အခြေအနေကို
သိနိုင်သည်။ စာလဲ မှန်မှန် လုပ်ဖြစ်မည်ထင်သည်။ ဘယ်ဆရာ ကောင်းလဲတော့
မညွှန်းလိုတော့ပါ၊ ပုဂိုလ်ရေးတွေပါလာမည်စိုးသည် J ကွကိုယ်သာ စုံစမ်းကြပါ။
ယေဘုယျ
အားဖြင့် foundation course နှင့် preparation
course ရှိပြီး မိမိ English
အခြေအနေ
အတော်အသင့်ကောင်းပါက preparation course မှ စခိုင်းလေ့ရှိပြီး မကောင်းပါက foundation မှစခိုင်းလေ့ရှိသည်။
ဆရာတွေညွန်ကြားသည့်အတိုင်လုပ်ရင်ဖြင့် အဆင်ပြေနိုင်ပါသည်။ ကျွန်တော့် အတွေ့
အကြုံအရ အများစုမှာ ၂လမှ ၆လ ကျူရှင်တက်၊ဖိဖိစီးစီး ကြိုးစားလို်က်ပါက လိုချင်သော
အမှတ်ရသွားကြပါသည် (ဖိဖိစီးစီး ကြိုးစားမှနော်၊ ကျူးရှင်ပဲတက်ပြီးထိုင်နေလို့မရ) ။
အကြောင်း အမျိုးမျိူးကြောင့်
ကျူရှင်မတက်နိုင်သူများ အတွက် လေ့ကျင့်ရန် လမ်းညျွှန်လိုပါသည်။
ပထမဦးစွာ Cambridge IELTS 5-11 ကိုလေ့ကျင့်ပါ http://ieltsmaterial.com/cambridge-practice-tests-ielts-se…/
။ အဲ့ဒါတွေက အလွယ်ဆုံးပါ။
ပြီးရင် plus 1,2 & 3 ကို လေ့ကျင့်ပါ http://www.qposter.com/…/Download-IELTS-Practice-Tests-Plus…
။
ပြီးရင် Peter May https://www.bookdepository.com/IELTS-Practice…/9780194575317# နှင့် IELTS
testbuilder 1&2 ကို ကျင့်ပါ။
အခြားစာအုပ်များစွာလဲရှိလိမ့်မည်။ link များသည် စာအုပ်များကို နမူနာပြထားခြင်းသာဖြစ်ပြီး download
လုပ်လို့ ရ၊ မရ
မစမ်းထားပါ။ အကောင်းဆုံးမှာ စာအုပ်ဆိုင်များမှ copy များဝယ်ပြီးလေ့ကျင့်ပါ။စျေးမကြီးပါ။
မိမိစိတ်ကြိုက်စာအုပ်ထဲတွင် ရေး ခြစ်နိုင်ပေလိမ့်မည်။ writing အတွက် စစ်ပေးနိုင်မည့်
သူတစ်ဦး ရှာပါ။ မိမိရေးပြီးသား essay များကို email, facebook စသည်တို့မှ ပို့ပါ။ သူ့ရဲ့
သုံးသပ်ချက်ကိုနားထောင်ပါ။ IELTS အမှတ်ကောင်းကောင်း
ရထားသော သူများရေးထားသည့် essay များကို
နမူနာယူပါ (အလွတ်ကျက်ပြီးကူးချဖို့မဟုတ်ပါ)
Speaking အတွက် မိမိအား
အဖော်ပြုနိုင်မည့် English ကောင်းသူတစ်ဦးရှာပါ။
သူနှင့် exam speaking format အတိုင်းပြောကျင့်ပါ။
အဲ့ဒါဆိုရင်တော့အတိုင်းအတာ တစ်ခုထိ အမှတ်ကောင်းလောက်ပါသည်။
Component တစ်ခုချင်စီ
အလိုက်အခြားအရေးကြီးသော အချက်များမှာ……………………..
Listening - သမာဓိအားကောင်းရန်
အလွန်အရေးကြီးပေသည်။ စာမေးပွဲခန်းထဲတွင်တစ်ကြိမ်းသာနားထောင်ရမည်ဖြစ်သဖြင့်
နာရီဝက်အတွင်းကြားသမျှကို ခေါင်းထဲဝင်၊လက်က ချမှတ်နိုင်ရန် လိုသည်။
စိတ်မတည်ငြိမ်ပါက မြန်မာလိုပြောနေစေကာမူ မကြားလိုက်ပဲလွတ်သွားပေလိမ့်မည်။
စိတ်ကြည်လင်ရန် အိပ်ရေးဝ၀ အိပ်ထားရန်လိုသည်၊ အခြား အရာများကို ခေါင်းထဲက
ထုတ်ထားရန်လိုသည်။
Reading - စာဖတ်မြန်ရန်လိုသည်။
အချိန်မလောက်သည့်ပြသနာဖြစ်တတ်သည်။ မိမိ မသိသော စကားလုံးများတွေ့မည်ဖြစ်ပြီး
ထိုစကားလုံးများကို ခန့်မှန်း အဓိပ္ပါယ်ဖော်တတ်ရန်အရေးကြီးသည်။ စာပိုတ်တစ်ခုလုံး
လုံးစေ့ပတ်စေ့ဖတ်ဖို့ထက် မိမိလိုချင်သော အဖြေရအောင် skimming လုပ်တတ်ဖို့လိုသည်။
မိမိ အတွေ့ အကြုံအရ listening နှင့် reading သည် တစ်ခုလွယ်လျှင်
တစ်ခုခက်သည်။ listening နှင့် reading
များသည် အမှတ်များများ
ရနိုင်သော components များဖြစ်သဖြင့်
အားစိုက်ထားသင့်သည်။
Writing –
general idea ရှိဖို့လိုသည်။ English
ကျွမ်းကျင်မှု တင်မက
ဗဟုသုတ နှင့် ဖြတ်ထိုးဉာဏ်ရှိဖို့လိုသည်။ ဥပမာ မေးခွန်းက genetically
modified food ရဲ့
ကောင်းကျိုးဆိုးကျိူးကို ရေးခိုင်တာ သင်က GM food ဆိုတာဘာလဲ တောင်မသိရင် ရေးရ
အတော်ခက်ပေလိမ့်မည်။ အခြေခံ grammar မှန်မှ အမှတ်ကောင်းပေလိမ့်မည်။
Speaking - ဒါကတော့ ကိုယ့်ကိုစစ်မည့်
examiner နှင့်လဲဆိုင်သည်။
တစ်နည်းကံနှင့်လဲဆိုင်သည်။ ထွေရာလေးပါးရှောက်မပြောပဲ မေးခွန်းကို
တိတိကျကျဖြေဖို့လိုသည်။ စိတ်တည်ငြိမ်မှ မိမိပြော စကားများ လှလှပပ ထွက်လာမည်။
အားလုံး လိုချင်သော အမှတ်ရပြီး တစ်ခါထဲနှင့်
အဆင်ပြေကြပါစေ …………………..
ရေးသူ - Win Han Oo (Dr.)
ဒေါက်တာ ဝင်းဟန်ဦးသည် ဆရာဝန်တစ်ယောက်ဖြစ်ပြီး
ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အတွက် စီမံကိန်းများရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊
စောင့်ကြည့်လေ့လာခြင်းနှင့် သုံးသပ်ခြင်းနှင့် အစီရင်ခံတင်ပြခြင်း
လုပ်ငန်းများအပြင် ကျန်းမာရေးစနစ်ဆိုင်ရာ သုတေသနလုပ်ငန်းများကိုလည်း
ဆောင်ရွက်လျှက်ရှိပါသည်။ တစ်ချိန်တည်းတွင် Australia နိုင်ငံ Melbourne မြို့ရှိ Deakin University တွင်လည်း ပြည်သူ့ကျန်းမာရေး
ဆိုင်ရာ ပါရဂူဘွဲ့ (PhD) ကို
ကူးစက်ရောဂါများ အထူးပြုဖြင့် တက်ရောက်လျက်ရှိပါသည်။ သူသည် Australia နိုင်ငံ အခြစိုက်
ဆေးသုတေသန အဖွဲ့တစ်ခုဖြစ်သည့် Burnet Institute တွင်လည်း စီမံကိန်း မန်နေဂျာ (Program
Manager) နှင့် အဓိကသုတေသီ (Principal
Investigator) အဖြစ် Burnet
Institute ၏ ဆေးသုတေသန
လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်လျှက်ရှိသည်။
သူသည် ဆေးပညာဘွဲ့ (M.B.,B.S) ကို ၂၀၀၈ ခုနှစ်တွင်
ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်မှ လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ မဟာဘွဲ့(MPH
– Global Health) ကို ၂၀၁၃
ခုနှစ်တွင် Thammasat University ၊ဘန်ကောက်
မှလည်းကောင်း အသီးသီး ရရှိခဲ့ပါသည်။
အချိန်ပိုင်းအလုပ်အဖြစ် သုတေသနလုပ်ငန်းများ (research)
နှင့် အင်္ဂလိပ် - မြန်မာ
ဘာသာပြန်ခြင်း (interpretation and translation) ကို လွှတ်တော်လုပ်ငန်းဆိုင်ရာများ၊ ကျန်းမာရေး၊
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး နှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေး
နယ်ပယ်များတွင် လုပ်ကိုင်လျက်ရှိပါသည်။
ကုသိုလ်ဖြစ် လုပ်ငန်းများ အဖြစ် သုတေသနနှင့်
ပတ်သက်သည့် သင်ခန်းစာများ (research methodology, biostatistics,
epidemiology) နှင့် software
များ (endnote,
STATA, Nvivo) သင်ကြားကြားပို့ချခြင်း
နှင့် မြန်မာလူငယ်များ နိုင်ငံခြားတွင်ပညာတော်သင်သွားနိုင်ရန် Scholarship ဆိုင်ရာသတင်းအချက်အလက်များ
မျှဝေခြင်းလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိပါသည်။