Wednesday, November 23, 2011

ကမ္ဘာကြီးကို မပြောင်းလဲပါနဲ့

တစ်ခါက အလွန်ချမ်းသာတဲ့ တိုင်းပြည်တပြည်မှာ ဘုရင်ကြီးတပါး အုပ်ချုပ်နေတယ်။ တနေ့ ဘုရင်ကြီးဟာ သူ့တိုင်းပြည်ရဲ့ ဝေးလံလှတဲ့နေရာတွေကို ခရီးထွက်ခဲ့တယ်။ နန်းတော်ကို ပြန်ရောက်တဲ့အခါမှာတော့ ခရီးဝေးဝေးလံလံကြီးကို ပထမဦးဆုံး ခရီးထွက်ဖူးတာရယ် သူသွားခဲ့တဲ့ လမ်းတွေဟာ ကြမ်းတမ်းပြီး ကျောက်တုံးကျောက်ခဲတွေ ပေါများလွန်းတာကြောင့် သူ့ခြေထောက်တွေ အလွန်နာကျင်နေကြောင်း ငြီးတွားခဲ့တယ်။ ဒါကြောင့် သူ့ရဲ့လူတွေကို တစ်တိုင်းပြည်လုံးမှာရှိတဲ့လမ်းတွေကို သားရေတွေနဲ့ခင်းဖို့ အမိန့်ပေးလိုက်ပါတယ်။ ဒီလိုလမ်းတွေခင်းမယ်ဆိုရင် နွားထောင်သောင်းများစွာတို့ရဲ့ အရေခွံတွေ လိုအပ်မှာဖြစ်သလို ပိုက်ဆံတွေ သောက်သောက်လဲ ကုန်ကျမှာလဲ အသေအချာပါပဲ။

ဒါကြောင့် ညဏ်ပညာရှိပြီး ပြောရဲဆိုရဲရှိတဲ့ အမတ်တစ်ယောက်က “အရှင်မင်းကြီးဘုရား အဘယ့်သို့သောအကြောင်းကြောင့် မလိုအပ်ဘဲ ပိုက်ဆံတွေကို ဖြုန်းပစ်တာပါလဲ ဘုရား။ အနည်းငယ်သော သားရေကို ဖြတ်ပြီး အရှင်မင်းကြီးခြေတော်ကို ဖုံးကာထားမယ်ဆိုရင် ပိုမိုအဆင်ပြေနိုင်ကြောင်းပါ ဘုရား” လို့ လျှောက်တင်လိုက်ပါတယ်။
ဘုရင်ကြီးဟာ အံအားသင့်သွားခဲ့တယ်။ နောက်တော့ သူ့အတွက် ရှုးဖိနပ်တစ်ရံ့လုပ်ပေးဖို အကြံညဏ်ကို လက်ခံလိုက် လိုက်ပါတယ်။
……………………………………………………………………………………………………………………………………………………
တကယ်တော့ ဒီပုံပြင်လေးဟာ ဘ၀ရဲ့အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာလေးတခုပါ။ ကမ္ဘာကြီးကို နေပျော်စရာဖြစ်လာအောင် ဖန်တီးလိုက်ခြင်းထက် ကိုယ့်ကိုယ်ကို ပြောင်းလဲလိုက်ခြင်းဟာ ပိုမိုကောင်းမွန်ပါတယ်။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ရဲ့ နှလုံးသားနဲ့အတွေးအမြင်တွေ ပြောင်းလဲပစ်ဖို့ပဲ လိုတာပါ။ 

စူးရှ
Don’t change the world ကို ဘာသာပြန်ပါသည်။

ဆင်တွေလိုမဖြစ်စေချင်ပါ


လူတစ်ယောက်ဟာ ဆင်တွေအနားကနေ ဖြတ်လျှောက်သွားချိန်မှာ အလွန်ကြီးမားလှတဲ့ ဒီသတ္တပါကြီးတွေကို ရှေ့လက်တဖတ်မှာဘဲ ကြိုးသေးသေးလေးတချောင်းနဲ့ ချည်နှောင်ပြီး ဖမ်းဆီးထားတာတွေ့လိုက်ရတော့ ရုတ်တရတ် သွားနေရာက ရပ်လိုက်ပါတယ်။ သံကွင်းသံကြိုးတွေနဲ့ချည်နှောင်ထားခြင်းလည်းမရှိ။ လှောင်အိမ်လည်းမရှိဘဲနဲ့ ဘာလို့ဒီလိုဖြစ်တာလဲဆိုတာတွေးမိတော့ စိတ်ထဲတွေဝေသွားတယ်။ ဆင်တွေဆိုတာ သူတို့ရဲ့ ဒီလိုအချုပ်အနှောင်တွေ ကနေ အချိန်မရွေး ထွက်ပြေးလွတ်မြောက်နိုင်တယ်ဆိုတာ ခင်ဗျားတို့လည်းရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်။ ဒါပေမယ့် အကြောင်းတခုခုကြောင့် ထွက်မပြေးနိုင်ကြဘူး။
သူက ဆင်တွေနားမှာရှိတဲ့ ဆင်းထိန်းတစ်ယောက်ကိုမြင်တာနဲ့ ဆင်တွေက ထွက်ပြေးလွတ်မြောက်ဖို့ မကြိုးစားဘဲနဲ့ ဘာလို့ ဒီနေရာမှာပဲ ရှိနေကြရတာလဲ လို့ ဆင်ထိန်းကို မေးလိုက်ပါတယ်။ ဒါက ဒီလိုဗျ…..သူတို့ငယ်ငယ်လေးတုန်းက ကျွန်တော်တို့ဟာ ဒီလောက်ရှိတဲ့ ကြိုးနဲပဲ သူတို့ကို ချည်နှောင်ခဲ့ပါတယ်။ အဲဒီအရွယ်တုန်းက ဒီကြိုးနဲ့ သူတို့ကို ချီနှောင်ထားဖို့
လုံလောက်ပါတယ်။ သူတို့ကြီးပြင်းလာတဲ့အခါမှာလည်း သူတို့ဟာ ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်ဘူးလို့ပဲ ယုံကြည်နေဆဲဖြစ်ပါတယ်။ ကြိုးက သူတို့ကို ချည်နှောင်ထားတုန်း ရုန်းကန်ရင်လည်း လွတ်မှာမဟုတ်ဘူးလို့ ယုံကြည်ထားကြတယ် လို့ ဆင်ထိန်းက ပြောပါတယ်။ လူကြီးဟာ အလွန်အံအားသင့်ပြီး ကြက်သေသေသွားတယ်။ ဒီတိရစ္ဆာန်တွေဟာ သူတို့ရဲ့အချုပ်အနှောင်တွေကနေ အချိန်မရွေးလွတ်မြောက်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ရုန်းလို့မလွတ်နိုင်ပါဘူးလို့ ယုံကြည်ထားတာကြောင့်ပဲ သူတို့ဟာ အခုထိဒီနေရာမှာ ချုပ်နှောင်ခံထားနေရဆဲပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ရော ဘ၀ကို ဘယ်လိုဘယ်ပုံဖြတ်သန်းနေကြပါသလဲ??? ဆင်တွေလိုပဲ
အရင်တစ်ချိန်က မအောင်မြင်မှု၊ ကျရှုံးမှုတွေကြောင့် လုပ်ရင်လည်းဖြစ်မှာမဟုတ်ပါဘူး ၊အောင်မြင်မှာမဟုတ်ပါဘူးဆိုတဲ့ အစွဲ(ယုံကြည်မှု)တွေကိုပိုက်ပြီး ဘ၀ကို ဖြတ်သန်းနေကြတာလား???
ကျရှုံးခြင်းဆိုတာ သင်ယူခြင်းရဲ့တစိတ်တပိုင်းပဲဖြစ်ပါတယ်။ ဘ၀တိုက်ပွဲမှာ ဘယ်တော့မှ လက်မြောက်အရှုံးမပေးသင့်ဘူး။


စူးရှ
(The elephant rape ကို ဘာသာပြန်ပါသည်။)