Tuesday, May 14, 2013

အကြောင်းကိုယ်စီ




အကြောင်းကိုယ်စီ



အဖေ!!! ကြည့်ပါဦးဗျ  သစ်ပင်တွေက သားတို့နောက်မှာ သွားနေကြတယ်……
အဖေဖြစ်သူက ပြုံးလို့…… အနီးအနားမှာထိုင်နေတဲ့ ငယ်ရွယ်တဲ့စုံတွဲနှစ်ယောက်က အသက်နှစ်ဆယ်လေးနှစ်ရှိပြီးဖြစ်သော်လည်း ကလေးဆန်တဲ့အမူအရာဖြစ်နေတဲ့ သားကို သနားတဲ့အကြည့်နဲ့ကြည့်လို့……………
အဖေ!!! ကြည့်စမ်းပါဦး………..တိမ်တွေက ကျွန်တော်တို့နဲ့အတူလိုက်ပြီး ပြေးနေပါလား လို့
သားဖြစ်သူက ရုတ်တရတ် ထအော်လိုက်ပြန်တယ်…
စုံတွဲနှစ်ယောက်က အနေနိုင်တော့တဲ့အဆုံးမှာ
 “အဘိုးရဲ့ သားကို ဆရာဝန်ကောင်းကောင်းတစ်ယောက်ဆိုခေါ်သွားပြီး ပြစမ်းကြည့်ပါဦးလား”  ဟု
အဘိုးအိုကို ပြောလိုက်ပါတယ်……
အဘိုးအိုက  ပြုံးလိုက်ပြီး စုံတွဲအား စကားတစ်ခွန်းပြောလိုက်ပါတယ်…………
“ ဟုတ်တယ် အဘရဲ့သားကို ဆရာဝန်ဆီသွားပြခဲ့ပြီးပါပြီ….ခုပဲ ဆေးရုံကပြန်လာကြတာ……...     သားလေးက မွေးရာပါမျက်မမြင်ကလေးတစ်ယောက်ပါ….ဒီနေ့မှ သူ့မျက်လုံးတွေ မြင်ရတာလေ” တဲ့
 


MORAL:
Every single person on the planet has a story. Don’t judge people before you truly know them. The truth might surprise you…!

No comments:

Post a Comment