Wednesday, December 2, 2015

#‎ဆီဆာရှားဗက်‬ (civil rights activist)


#‎ဆီဆာရှားဗက်‬ (civil rights activist)

ဆီဆာရှားဗက်ဟာ လက်တင်အမေရိကသားဖြစ်ပြီး နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တယ်။ နိုင်ငံလုံးဆိုင်ရာ လယ်ယာလုပ်သားများအစည်းအရုံး (နောက်ပိုင်းမှာ ညီညွတ်သောလယ်ယာလုပ်သားများအဖွဲ့) ကို ပူးတွဲတည်ထောင်သူဖြစ်ပြီး ၁၉၅၂-၁၉၇၆ ခုနှစ်အတွင်းမှာ လက်တင်အမေရိကသားတို့၏ နိုင်ငံသားအခွင့်အရေးလှုပ်ရှားတဲ့ စီအက်စ်အို (CSO) တစ်ခုမှာ စည်းရုံးလှုပ်ဆော်သူတစ်ဦးဖြစ်တယ်။
၁၉၆၅ခုနှစ် စက်တင်ဘာလ၊ ကယ်လီဖိုးနီးယားပြည်နယ် ဒီလန်နိုဒေသ စပျစ်ခြံမှာ အလုပ်လုပ်နေကြတဲ့ ဖီလစ်ပိုင်-အမေရိကန်လုပ်သားများက စတင်လိုက်သော ဒီလန်နိုစပျစ်ခြံလုပ်သားများ သပိတ်ဟာ လစာနည်းပါးမှု၊ ထောက်ပံမှုအလုံအလောက်မရခြင်းကြောင့် လစာတိုးမြှင့်တောင်းဆိုခဲ့ရာ အလုပ်ရှင်နဲ့အာဏာပိုင်တို့က သဘောမတူသဖြင့် ဒီလန်နိုမှ ကယ်လီဖိုးနီးယားပြည်နယ်မြို့တော်ဖြစ်တဲ့ စခရမ်မန်တို (Sacramento) သို့ လမ်းလျှောက်ချီတက် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒီချီတက်ဆန္ဒပြမှုမှာ ရှားဗက်က ဦးဆောင်ပါဝင်ခဲ့ပါတယ်။
ဆန္ဒပြမှုက တက္ကဆက်ပြည်တောင်ပိုင်း သစ်သီးခြံလုပ်သားများထံသို့ ကူးဆက်သွားပြီး လုပ်သားများက တက္ကဆက်ပြည်နယ်၊ စတားကောင်တီ (Starr County) မှ အော်စတင်မြို့သို့ လမ်းလျှောက်ချီတက် သပိတ်မှောက်ကြသည်။ ထိုသပိတ်မှောက်ပွဲတွင်လည်း ရှားဗက်က လယ်ယာလုပ်သားများအခွင့်အရေးအတွက် ဦးဆောင်ပံပိုးခဲ့တယ်။
ရှားဗက်က လုပ်ခလစာနည်းပါးသော အလုပ်သမားတို့၏ဘ၀ကို မီဒီယာအကူအညီရယူပြီး လူအများသိရှိလာအောင် လုပ်ဆောင်သည်။ လက်ကမ်းကြော်ငြာများဝေငှပြီး စပျစ်ဝိုင်များကို ဖောက်သည်များဝယ်ယူသုံးဆောင်ခြင်းမပြုအောင် ကန်ပိန်းများပြုလုပ်ခဲ့သည်။နေရာအနှံတွင် အလုပ်သမားအခွင့်အရေးမိန့်ခွန်းဟောပြောခြင်းများလုပ်ဆောင်ခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့မှုမှာ အောင်မြင်သည်ဟုဆိုရပေမည်။ တစ်နိုင်ငံလုံး၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ယူအက် ဆီးနိတ် ကော်မတီ၏ အဖွဲ့ခွဲဖြစ်သော အလုပ်သမားနှင့်ပြည်သူ့အကျိုးစီးပွါးဆပ်ကော်မတီမှ ဆီးနိတ်တစ်ယောက်ဖြစ်သော ရောဘတ် အက်ဖ် ကင်နေဒီက သပိတ်မှောက် အလုပ်သမားများကို ထောက်ခံကြောင်းပြသခဲ့သည်။
နောက်ပိုင်းတွင် သပိတ်အချိန်မှာ ပြင်းထန်လာပြီး ကယ်လီဖိုးနီးယားနှင့် ဖလော်ရီဒါမှာ လယ်ယာလုပ်သား ငါးသောင်းခန့် ပါဝင်လာပြီး အဖွဲ့ဝင်တစ်သောင်းငါးထောင်အထိ ရှိလာသည်။ ဆီဆာရှားဗက်သည် အာဏာပိုင်များက တောင်းဆိုမှုများကို သဘောမတူမချင်း အကြမ်းမဖက်လှုပ်ရှားမှု စတင်ကာ ၂၅ ရက်တိုင်တိုင် အစာငတ်ခံတောင်းဆိုမှုပြုလုပ်သည်။ ရှားဗက်၏ (Yes, one can or Yes, it can be done) ဆိုသော ဆောင်ပုဒ်မှာ လူအများကြားတွင် ရေပန်စားလာသည်။ အကြမ်းမဖက်လှုပ်ရှားမှုမှာ အရီဇိုးနားပြည်နယ်အထိပျံနှံသွားပြီး သီးနှံများဆွတ်ခူးချိန်တွင် လုပ်ငန်းခွင်မ၀င်ဘဲ ဆန္ဒပြခဲ့သည်။ နောက်ပိုင်းတွင် အလုပ်ရှင်များက အာဏာပိုင်များက တောင်းဆိုချက်များကို လိုက်လျောပေးခဲ့ကြသည်။ ရှားဗက်၏ လုပ်ဆောင်မှုများကို ဂုဏ်ပြုသောအားဖြင့် ကယ်လီဖိုးနီးယား၊ ကော်လိုရာဒိုနှင့် တက္ကဆက်ပြည်နယ်တို့တွင် ရှားဗက်၏ မွေးနေ့ဖြစ်သော မတ်လ ၃၁ ရက်နေ့ကို ဆီဆာရှားဗက်နေ့အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။
ဆီဆာရှားဗက်၏ ဆောင်ပုဒ်ဖြစ်သော (Yes, one can or Yes, it can be done) အား ၂၀၀၈ခုနှစ်တွင် ဘားရက်အိုဘားမားက သမ္မတရာထူး ကမ်ပိန်းတွင် (Yes, We Can!!!) ဟုပြောင်းလဲအသုံးပြုပြီး မဲဆွယ်ခဲ့ရာ အောင်မြင်မှုရခဲ့ပါသည်။)
Maurice
(2.12.2015)
5:18PM

No comments:

Post a Comment