Wednesday, January 29, 2020

ရောက်တက်ရာရာ ၁


"We must be prepared to examine every sacred cow, to give up every pre- conceived notion.
In the pursuit of information, knowledge, and wisdom, we must be prepared to face reality.
We must embrace change, pursue novelty, crave innovation. We must learn.
Even harder still, we must unlearn. We must remember to forget old ways. We must force ourselves into new habits.
We must build the new processes, institutions and organisations that are necessary for the Information Age."

Dr Mahathir Mohammad

““ကျွန်တော်တို့ရဲ့ ရိုးတွင်းခြင်ဆီတွေထဲအထိ စွဲနေတတ်တဲ့အရာတွေအားလုံးကို စိစစ်ပြီး ပြင်ဆင် ခြင်းတွေကို မဖြစ်မနေ ပြုလုပ်ရပါမယ်။ စိတ်ကူးထားတဲ့ အယူအဆဟောင်းတွေအားလုံးကို လျှော့ချလိုက်ကြပါ။

သတင်းအချက်အလက်၊ ဗဟုသုတနဲ့ ပညာရပ်တွေနောက်ကို တကောက်ကောက်လိုက်နေကြတဲ့ ခေတ်ကြီးထဲမှာ ပကတိ အခြေအနေမှန်တွေကို ရင်ဆိုင်ဖို့အတွက် ပြင်ဆင်ထားရမယ်။ ပြောင်းလဲမှုကို လက်ခံကြရမယ်။

အသစ်အဆန်းတွေနောက်ကို လိုက်ကြမယ်။ တီထွင်မှုတွေကို အငမ်းမရ ဆန်္ဒပြင်းပြစွာ ဆောင် ရွက်ကြမယ်။ ကျွန်တော်တို့သင်ယူကြရမယ်။ ပြင်းပြင်းထန်ထန်ပဲပေါ့လေ။ အကျင့်ဆိုး၊ အသိမှားတွေကို ဖယ်ရှားပစ်ရမယ်။ သန့်စင်ပစ်ရမယ်။ နည်းလမ်းဟောင်းတွေကို မေ့ပစ်ဖို့ အမြဲ သတိရနေရမယ်။

အလေ့အထအသစ်တွေနဲ့ နေထိုင်မှု အသားတကျဖြစ်လာအောင် မိမိကိုယ်ကို တွန်းအားပေးမှုကို မဖြစ်မနေ အားထုတ်ရမယ်။ နည်းလမ်းအသစ်၊ လေ့ကျင့်မှုအသစ်၊ အလေ့အထအသစ်တွေကို တည်ဆောက်ရမယ်။

တစ်ဦးတစ်ယောက်တည်းသာမက လူမှုအဖွဲ့အစည်းတစ်ရပ်လုံး ပါဝင်လာအောင် စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်းတွေကို လုပ်ဆောင်ရမယ်။ ဒါက သတင်းခေတ်ရဲ့ လိုအပ်ချက်ပါပဲ”” လို့ ဒေါက်တာ မဟာသီယာမိုဟာမက်က ပြောခဲ့တာပါ။

No comments:

Post a Comment