Wednesday, November 23, 2011

ကမ္ဘာကြီးကို မပြောင်းလဲပါနဲ့

တစ်ခါက အလွန်ချမ်းသာတဲ့ တိုင်းပြည်တပြည်မှာ ဘုရင်ကြီးတပါး အုပ်ချုပ်နေတယ်။ တနေ့ ဘုရင်ကြီးဟာ သူ့တိုင်းပြည်ရဲ့ ဝေးလံလှတဲ့နေရာတွေကို ခရီးထွက်ခဲ့တယ်။ နန်းတော်ကို ပြန်ရောက်တဲ့အခါမှာတော့ ခရီးဝေးဝေးလံလံကြီးကို ပထမဦးဆုံး ခရီးထွက်ဖူးတာရယ် သူသွားခဲ့တဲ့ လမ်းတွေဟာ ကြမ်းတမ်းပြီး ကျောက်တုံးကျောက်ခဲတွေ ပေါများလွန်းတာကြောင့် သူ့ခြေထောက်တွေ အလွန်နာကျင်နေကြောင်း ငြီးတွားခဲ့တယ်။ ဒါကြောင့် သူ့ရဲ့လူတွေကို တစ်တိုင်းပြည်လုံးမှာရှိတဲ့လမ်းတွေကို သားရေတွေနဲ့ခင်းဖို့ အမိန့်ပေးလိုက်ပါတယ်။ ဒီလိုလမ်းတွေခင်းမယ်ဆိုရင် နွားထောင်သောင်းများစွာတို့ရဲ့ အရေခွံတွေ လိုအပ်မှာဖြစ်သလို ပိုက်ဆံတွေ သောက်သောက်လဲ ကုန်ကျမှာလဲ အသေအချာပါပဲ။

ဒါကြောင့် ညဏ်ပညာရှိပြီး ပြောရဲဆိုရဲရှိတဲ့ အမတ်တစ်ယောက်က “အရှင်မင်းကြီးဘုရား အဘယ့်သို့သောအကြောင်းကြောင့် မလိုအပ်ဘဲ ပိုက်ဆံတွေကို ဖြုန်းပစ်တာပါလဲ ဘုရား။ အနည်းငယ်သော သားရေကို ဖြတ်ပြီး အရှင်မင်းကြီးခြေတော်ကို ဖုံးကာထားမယ်ဆိုရင် ပိုမိုအဆင်ပြေနိုင်ကြောင်းပါ ဘုရား” လို့ လျှောက်တင်လိုက်ပါတယ်။
ဘုရင်ကြီးဟာ အံအားသင့်သွားခဲ့တယ်။ နောက်တော့ သူ့အတွက် ရှုးဖိနပ်တစ်ရံ့လုပ်ပေးဖို အကြံညဏ်ကို လက်ခံလိုက် လိုက်ပါတယ်။
……………………………………………………………………………………………………………………………………………………
တကယ်တော့ ဒီပုံပြင်လေးဟာ ဘ၀ရဲ့အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာလေးတခုပါ။ ကမ္ဘာကြီးကို နေပျော်စရာဖြစ်လာအောင် ဖန်တီးလိုက်ခြင်းထက် ကိုယ့်ကိုယ်ကို ပြောင်းလဲလိုက်ခြင်းဟာ ပိုမိုကောင်းမွန်ပါတယ်။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ရဲ့ နှလုံးသားနဲ့အတွေးအမြင်တွေ ပြောင်းလဲပစ်ဖို့ပဲ လိုတာပါ။ 

စူးရှ
Don’t change the world ကို ဘာသာပြန်ပါသည်။

ဆင်တွေလိုမဖြစ်စေချင်ပါ


လူတစ်ယောက်ဟာ ဆင်တွေအနားကနေ ဖြတ်လျှောက်သွားချိန်မှာ အလွန်ကြီးမားလှတဲ့ ဒီသတ္တပါကြီးတွေကို ရှေ့လက်တဖတ်မှာဘဲ ကြိုးသေးသေးလေးတချောင်းနဲ့ ချည်နှောင်ပြီး ဖမ်းဆီးထားတာတွေ့လိုက်ရတော့ ရုတ်တရတ် သွားနေရာက ရပ်လိုက်ပါတယ်။ သံကွင်းသံကြိုးတွေနဲ့ချည်နှောင်ထားခြင်းလည်းမရှိ။ လှောင်အိမ်လည်းမရှိဘဲနဲ့ ဘာလို့ဒီလိုဖြစ်တာလဲဆိုတာတွေးမိတော့ စိတ်ထဲတွေဝေသွားတယ်။ ဆင်တွေဆိုတာ သူတို့ရဲ့ ဒီလိုအချုပ်အနှောင်တွေ ကနေ အချိန်မရွေး ထွက်ပြေးလွတ်မြောက်နိုင်တယ်ဆိုတာ ခင်ဗျားတို့လည်းရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်။ ဒါပေမယ့် အကြောင်းတခုခုကြောင့် ထွက်မပြေးနိုင်ကြဘူး။
သူက ဆင်တွေနားမှာရှိတဲ့ ဆင်းထိန်းတစ်ယောက်ကိုမြင်တာနဲ့ ဆင်တွေက ထွက်ပြေးလွတ်မြောက်ဖို့ မကြိုးစားဘဲနဲ့ ဘာလို့ ဒီနေရာမှာပဲ ရှိနေကြရတာလဲ လို့ ဆင်ထိန်းကို မေးလိုက်ပါတယ်။ ဒါက ဒီလိုဗျ…..သူတို့ငယ်ငယ်လေးတုန်းက ကျွန်တော်တို့ဟာ ဒီလောက်ရှိတဲ့ ကြိုးနဲပဲ သူတို့ကို ချည်နှောင်ခဲ့ပါတယ်။ အဲဒီအရွယ်တုန်းက ဒီကြိုးနဲ့ သူတို့ကို ချီနှောင်ထားဖို့
လုံလောက်ပါတယ်။ သူတို့ကြီးပြင်းလာတဲ့အခါမှာလည်း သူတို့ဟာ ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်ဘူးလို့ပဲ ယုံကြည်နေဆဲဖြစ်ပါတယ်။ ကြိုးက သူတို့ကို ချည်နှောင်ထားတုန်း ရုန်းကန်ရင်လည်း လွတ်မှာမဟုတ်ဘူးလို့ ယုံကြည်ထားကြတယ် လို့ ဆင်ထိန်းက ပြောပါတယ်။ လူကြီးဟာ အလွန်အံအားသင့်ပြီး ကြက်သေသေသွားတယ်။ ဒီတိရစ္ဆာန်တွေဟာ သူတို့ရဲ့အချုပ်အနှောင်တွေကနေ အချိန်မရွေးလွတ်မြောက်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ရုန်းလို့မလွတ်နိုင်ပါဘူးလို့ ယုံကြည်ထားတာကြောင့်ပဲ သူတို့ဟာ အခုထိဒီနေရာမှာ ချုပ်နှောင်ခံထားနေရဆဲပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ရော ဘ၀ကို ဘယ်လိုဘယ်ပုံဖြတ်သန်းနေကြပါသလဲ??? ဆင်တွေလိုပဲ
အရင်တစ်ချိန်က မအောင်မြင်မှု၊ ကျရှုံးမှုတွေကြောင့် လုပ်ရင်လည်းဖြစ်မှာမဟုတ်ပါဘူး ၊အောင်မြင်မှာမဟုတ်ပါဘူးဆိုတဲ့ အစွဲ(ယုံကြည်မှု)တွေကိုပိုက်ပြီး ဘ၀ကို ဖြတ်သန်းနေကြတာလား???
ကျရှုံးခြင်းဆိုတာ သင်ယူခြင်းရဲ့တစိတ်တပိုင်းပဲဖြစ်ပါတယ်။ ဘ၀တိုက်ပွဲမှာ ဘယ်တော့မှ လက်မြောက်အရှုံးမပေးသင့်ဘူး။


စူးရှ
(The elephant rape ကို ဘာသာပြန်ပါသည်။)

Wednesday, October 5, 2011

ဒုက္ခသစ်ပင်

အိုမင်းနေပြီဖြစ်တဲ့ယာတောအိမ်လေးကို ပြင်ဖို့အတွက် ကျနော့်ကို ကူဖို့ငှားရမ်းထားတဲ့လက်သမားဆရာတစ်ယောက်ရဲ့ ပထမဦးဆုံးနေ့အလုပ်ဟာ အလုပ်မတွင်ဘဲ
အခက်အခဲကြမ်းတမ်းမှုတွေအပြည့်နဲ့ကံမကောင်းနေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ တစ်နာရီလောက်မောကြီးပန်းကြီးအလုပ်လုပ်ပြီးတဲ့နောက်မှာသူရဲ့လျှပ်စစ်လွှဟာလည်း ပျက်စီးသွားပြီး ဆက်လုပ်လို့မရတော့ပါ။ အိမ်ပြန်ကျပြန်တော့ အိုမင်းနေတဲ့ကားကလည်းစက်နိုးလို့မရခဲ့ဘူး။
 ဒါကြောင့် ကျနော်ကားနဲ့သူအိမ်လိုက်ပို့တော့ သူက ကျောက်ဆစ်ရုပ်တခုလို ငြိမ်သက်နေတယ်။ အိမ်ရှေ့ရောက်တော့သူ့မိသားစုကို ၀င်တွေ့သွားဖို့ ကျနော်ကို ဖိတ်ပါတယ်။ အိမ်ရှေ့တံခါးဆီကျနော်တို့လမ်းလျှောက်လာတော့ သူက သစ်ပင်ငယ်လေးရှေ့မှာ ခဏရပ်လိုက်ပြီးသစ်ကိုင်းလေးတွေကို လက်နှစ်ဘက်နှင့် ထိကိုင်လိုက်ပါတယ်။ အိမ်ရှေ့တံခါးကိုဖွင့်လိုက်ချိန်မှာတော့ သူ့ပုံစံက အံသြစရာကောင်းလောက်အောင် ပြောင်းလဲသွားပါတယ်။ အလုပ်မှာတနေ့လုံးအဆင်မပြေဖြစ်ခဲ့တဲ့  သူ့မျက်နှာဟာ ပြုံးရွှင်ကြည်လင်သွားတယ်။နောက် သူ့ကလေးငယ်နှစ်ယောက်ကို ပွေ့ချီလိုက်ပြီး သူ့မိန်းမကိုအနမ်းတချက်ပေးလိုက်တယ်။
  နောက်တော့ ကျနော်ကို ကားဆီရောက်တဲ့အထိလမ်းလျှောက်ပြီးလိုက်ပို့တယ်။ သစ်ပင်အနားကဖြတ်သွားတဲ့အချိန်မှာ ကျနော်ရဲ့သိလိုစိတ်က ပြင်းပြလာတာကြောင့် စောစောက ဒီသစ်ပင်လေးကို ခင်ဗျားဘာလုပ်တာပါလဲ လို့မေးလိုက်ပါတယ်။ 
“အော်…ဒါက ကျနော်ရဲ့ ဒုက္ခသစ်ပင်ပါ ။ အလုပ်မှာ အဆင်မပြေမှုတွေ၊ပြသနာက အမြဲတမ်းရှိနေမှာပဲလေ။ ဒါပေမယ့် သေချာတာတစ်ခုက အလုပ်ကပြသနာဆိုတာအိမ်မှာရှိတဲ့ မိန်းမ၊သားသမီးတွေနဲ့ မဆိုင်ဘူးလေ။ ကျနော်က အဲဒီ အဆင်မပြေမှုတွေနဲ့ဒုက္ခတွေကို အိမ်ကို သယ်မလာပါဘူး။ဒါကြောင့် ညတိုင်း အိမ်ပြန်လာတဲ့အခါ အလုပ်ကအဆင်မပြေမှုနဲ့ပြသနာတွေကို ဒီသစ်ပင်မှာ ချိတ်ဆွဲထားခဲ့တာ။ မနက်မိုးလင်းတော့မှ ဒါတွေကျနော်ပြန်ယူသွားတယ်” လို့  သူက ပြန်ဖြေပါတယ်။

 သူကပြုံးပြီးပြောပြန်တယ် 
“ရယ်စရာကောင်းတာတခုက မနက်မိုးလင်းလို့ ကျနော်ဒါတွေကိုပြန်သယ်သွားမယ်လုပ်တဲ့အခါ မနေ့ညက ကျနော်ဒီသစ်ပင်မှာ ချိတ်ခဲ့သလောက် ပြသနာတွေကမများတော့တာပဲဗျ”
 ………………………………………………………………………………………….
ကျနော်တို့လည်းဒီလို “ဒုက္ခသစ်ပင်လေး” တစ်ပင်လောက်တော့ လိုကြမှာပါ

စူးရှ
(The Trouble Tree ကို ဘာသာပြန်ပါသည်)

ဘ၀မှာ ပျော်ရွှင်ဖို့ဆိုတာ...


တစ်ခါက တံငါသည်တစ်ဦးဟာ ဆေးပေါ့လိပ်တစ်လိပ်သောက်ရင်း အရိပ်ကျနေတဲ့ ကမ်းစပ်တစ်နေရာမှာ ထိုင်နေပါတယ်။ ရုတ်တရတ် အနားကနေဖြတ်သွားတဲ့ လုပ်ငန်းရှင်သူဌေးတစ်ယောက်က သူ့နားလာပြီး “ သစ်ပင်အရိပ်မှာထိုင်ပြီး အလုပ်မလုပ်ဘဲ ဘာကြောင့်ဆေးလိပ်သောက်နေတာလဲ” ဟု မေးမြန်လာပါတယ်။


ဆင်းရဲသော တံငါသည်က ဖမ်းထားတဲ့ငါးတွေက ဒီနေ့စာအတွက်လုံလောက်သွားလို့ပါ လို့ ပြန်ဖြေပါတယ်။ အဲသလိုပြောသံကြားရတော့ သူဌေးဟာ စိတ်တိုပြီးပြောလိုက်တယ်….

သူဌေး ။ သစ်ပင်ရိပ်မှာထိုင်ပြီး အချိန်ကို အလဟသကုန်စေမဲ့အစား ငါးတွေပိုရအောင် ထပ်ဖမ်းပါလားဗျာ

တံငါသည် ။ ငါးတွေထပ်ဖမ်းပြီး  ဘာလုပ်ရမှာရလဲ???

သူဌေး ။ ငါးတွေပိုဖမ်းမိလာလို့ ရောင်းလိုက်ရင် ပိုက်ဆံပိုရမှာပေါ့ ပိုက်ဆံပိုရလာရင်  လှေကြီးတာ တစ်ခုထပ်ဝယ်   လို့ရတာပေါ့

တံငါသည် ။ လှေကြီးတာရလာရင်ရော ဘာလုပ်ရမှာလဲ???

သူဌေး   ။ အဲဒါဆို ရေနက်ပိုင်းကို သွားပြီး ငါးဖမ်းမယ်ဆိုရင် ငါးတွေပိုရမှာပေါ့ ..ဒါဆို ပိုက်ဆံတွေပိုရမှာပေါ့

တံငါသည် ။ ပိုက်ဆံတွေပိုရတော့ ငါကဘာလုပ်ရမှာလဲ???

သူဌေး  ။ လှေတွေအများကြီးဝယ် ခင်ဗျားအတွက် အလုပ်လုပ်ပေးမဲ့ အလုပ်သမားတွေငှားပြီးလုပ်မယ်ဆိုရင်   ပိုက်ဆံတွေအများကြီးရမှာပေါ့

တံငါသည် ။ အဲဒါပြီးတော့ရော ဘာလုပ်ရမှာလဲ???

သူဌေး   ။ ဒါဆို ခင်ဗျား ကျွန်တော်လို့ လုပ်ငန်းရှင်သူဌေးတစ်ယောက်ဖြစ်လာမှာပေါ့

တံငါသည် ။ အဲဒါပြီး ဘာလုပ်ရမှာလဲ…

သူဌေး ။ ဒါဆို ဘ၀မှာ အေးအေးချမ်းချမ်းနေလို့ရတာပေါ့

တံငါသည် ။ အခုကော ကျွန်တော် ဘာလုပ်နေတယ်လို့ ထင်လို့လဲ ???

………………………………………………………………………………………………………………………………………………

ဘ၀မှာ ပျော်ရွှင်အောင်နေဖို့ဆိုတာ မနက်ဖြန်ထိစောင့်ဖို့မလိုပါဘူး။  ဘ၀မှာပျော်ရွှင်ဖို့အတွက် ပိုပြီးချမ်းသာဖို့ မလိုအပ်သလို၊ တန်ခိုးသြဇာတွေ ပိုရှိလာဖို့လည်း မလိုအပ်လှပါ။ လက်ရှိအချိန်သာလျှင် ဘ၀ဖြစ်ပါတယ်….ပျော်အောင်နေပါ။ ပျော်အောင်နေတက်ဖို့က သင့်သဘောထားနဲ့ အမြင်ပေါ်မှာပဲ မူတည်နေတယ်။

ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုကြီးတွေပြောခဲ့ဖူးပါတယ်။ “ကျွန်တော်ချမ်းသာတယ်ဆိုတာ ကျွန်တော်ပိုင်ဆိုင်တာတွေသိပ်များနေလို့မဟုတ်ပါဘူးတဲ့။ ကျွန်တော်ရဲ့ လိုအင်ဆန္ဒနည်းပါးမှုဟာ ချမ်းသာခြင်းပါပဲ” တဲ့


စူးရှ
Enjoy your life at every moment ကို ဘာသာပြန်ပါသည်။)

ဘ၀မှာအရေးအကြီးဆုံးအရာ.....

ပါမောက္ခတစ်ယောက်က သူ့ရှေ့စားပွဲပေါ်မှာအရာဝတ္ထုတစ်ချို့ တင်ထားပြီး အတန်းရှေ့မှာ ရပ်နေတယ်။ အတန်းစပြီးဆိုတာနဲ့စကားတခွန်းမှမပြောဘဲ ကြက်ဥပုံစံကရားအလွတ်ကြီးတစ်လုံးကို ကောက်ယူလိုက်ပြီးအချင်းနှစ်လက်မလောက်ရှိတဲ့ ကျောက်တုံးတွေကို ကရားထဲဖြည့်လိုက်ပါတယ်။နောက် ကရားပြည့်သွားပြီးလားဟု ကျောင်းသားတွေကို မေးလိုက်ပါတယ်။ ကျောင်းသားတွေက ပြည့်ပြီးဖြစ်ကြောင်း ပြန်ဖြေပါတယ်။
ပါမောက္ခကြီးကသဲတွေထည့်ထားတဲ့ သေတ္တာတလုံးကိုကောက်ယူလိုက်ပြီး လောင်းထည့်လိုက်ပြန်ပါတယ်။ သဲတွေက အကြိုအကြားအားလုံးထဲဝင်ရောက်ပြီး ကရားကပြည့်သွားပါတယ်။ ပါမောက္ခကြီးက ကရားကြီးပြည့်သွားပြီးလား ဟု မေးလိုက်ပြန်တယ်။ကျောင်းသားတွေက ပြည့်သွားပြီဖြစ်ကြောင်း တစ်ညီတစ်ညာထဲ ဖြေလိုက်ပါတယ်။အခု ဆရာ မင်းတို့ကိုသိစေချင်တာက ဘ၀ဆိုတာ ဒီကရားကြီးနဲ့တူတယ်။ ကျောက်တုံးတွေက ကိုယ့်မိသားစု၊ ကိုယ်ဘ၀ရဲ့အဖော်မွန်၊ကိုယ့်ရဲ့ကျန်းမားရေးနဲ့ ကိုယ့်ရဲ့ သားသမီးတွေလို အရေးကြီးတဲ့အရာတွေဖြစ်တယ်။ တခြားအရာတွေဆုံးရှုံးပျောက်ကွယ်သွားခဲ့မယ်ဆိုရင်တောင် ဒါတွေရှိနေသေးရင် မင်းတို့ဘ၀ကြီးက အဓိပါယ်တွေနဲ့ပြည့်နေတုန်းပဲ။ကျောက်စရစ်ခဲတွေကတော့အလုပ်အကိုင်၊အိမ်၊ကားနဲ့ တခြားအရေးပါတာတွေ့ဖြစ်တယ်။သဲတွေကတော့တခြားအရေးမပါတဲ့ အသေးအဖွဲကိစ္စတွေအားလုံးကို ကိုယ်စားပြုတယ်။တပြည့်တို့ဘ၀တွေလည်းဒီအတိုင်းပဲ။ တပြည်တို့အနေနဲ့ သဲတွေကို ကရားထဲ အရင်ဖြည့်ခဲ့မယ်ဆိုရင် ကျောက်စရစ်နဲ့ကျောက်ခဲတွေထည့်ဖို့နေရာရှိမှာမဟုတ်တော့ဘူး လို့ပါမောက္ခကြီးက ဆက်ပြောတယ်။တပြည့်တို့ရဲ့စွမ်းအားတွေနဲ့ အချိန်တွေကို အရေးမပါတဲ့အရာတွေအပေါ်မှာ ဖြန်းတီးပစ်ခဲ့မယ်ဆိုရင် ကိုယ့်အတွက်အရေးပါတဲ့အရာတွေအတွက်နေရာကျန်တော့မှာ မဟုတ်ဘူး။ ကိုယ်ကိုပျော်ရွှင်မှုပေးနိုင်မဲ့အပေါ်မှာ အာရုံစိုက်ကြပါ။ကိုယ့်ရဲ့သားသမီးတွေနဲ့ ကစားကြပါ။ ကိုယ့်ရဲ့အဖော်မွန်ကိုလည်း အကသွားရအောင်လို့ခေါ်ပါ။အလုပ်သွားဖို့၊ အိမ်ကိုသန့်ရှင်းရေးလုပ်ဖို့ ဆိုတာ အမြဲတမ်းအချိန်ရှိနေမှာပါ။ ညစာစားပွဲတစ်ခုလုပ်လိုက်ပြီးမပြေလည်တာတွေ ညှိယူဖြေရှင်းကြပါ။တကယ်အရေးပါတဲ့ ကျောက်တုံးတွေကိုအရင်ဆုံးဂရုစိုက်ကြပါ။ ဒီအပြင်ကျန်တာတွေက သဲတွေဖြစ်ပါတယ်

စူးရှ
(The important thing in life ကို ဘာသာပြန်သည်။)