Tuesday, January 10, 2012

ဖန်ခွက်ကို ချထားလိုက်ပါ

 
တစ်ခါက ပါမောက္ခတစ်ယောက်ဟာ
ရေအတော်အတန်ထည့်ထားတဲ့ ဖန်ခွက်တလုံးကို ကိုင်မြောက်ပြီး စာသင်ခန်းကို
စတင်လိုက်တယ်။ အားလုံးမြင်သာအောင် အပေါ်မြှောက်ပြလိုက်ပြီး “ အခု
ဆရာမင်းတို့ကိုမေးချင်တာက မိနစ်အနည်းငယ်လောက် ဒီခွက်ကို ဆရာမြှောက်ထားမယ် ဆိုရင်
ဘာဖြစ်မလဲ” လို့ ကျောင်းသားတွေကိုမေးလိုက်တယ်။ 
“ဘာမှမဖြစ်ပါ ဆရာ” လို့
ကျောင်းသားတွေက ဖြေတယ်။ ကောင်းပြီး ဒါဆို တစ်နာရီလောက်
ဒီအတိုင်းကိုင်ထားမယ်ဆိုရင်ရော လို့ ဆရာက ထပ်မံမေးလိုက်ပြန်တယ်။ 

 “ဆရာလက်တွေ ညောင်းလာမှာပေါ့” လို့
ကျောင်းသားတယောက်က ဖြေတယ်။   
“သိပ်မှန်တာပေါ့ ကဲအခု ဒါကို တစ်နေလုံး
ကိုင်ထားမယ်ဆိုရင်ရော ဘာဖြစ်မလဲ”  
“ဆရာလက် ထုံကျင်လာမယ် ကြွက်သားတွေတုံ့ဆိုင်းနာကျင်ပြီး
ဆေးရုံသွားရမှာတော့ အသေအချာပဲ” လို့ တခြားတစ်ယောက်ကလှမ်းနှောက်လိုက်တော့
ကျောင်းသားတွေအားလုံး ရယ်မောကြတယ်။
“သိပ်ကောင်းတဲ့ အဖြေပဲ… ဒီလိုဆို
ဒီအချိန်အတောအတွင်း ဖန်ခွက်ရဲ့ အလေးချိန်ကရော ပြောင်းသွားလား” လို့ ဆရာက
ထပ်မံမေးလိုက်ပြန်တယ်။
“မပြောင်းပါဘူးဆရာ” လို့
ကျောင်းသားအားလုံးက ပြန်ဖြေတယ်။
“ဒါဆို ဘာလို့လက်တွေနာပြီး
ကြွက်သားတွေ ညောင်းလာရတာလဲ” ဆရာက စကားကိုခဏရပ်လိုက်ပြီး “ဆရာလက် ညောင်းကိုက်မလာခင်
ဆရာဘာလုပ်သင့်လဲ” လို့ ဆရာက မေးလိုက်တယ်။ 
ကျောင်းသားတွေ စဉ်းစားကြတယ်။“ဖန်ခွက်ကို
ချထားလိုက်ပေါ့ ဆရာရဲ့” လို့ 
ကျောင်းသားတစ်ယောက်က ဖြေတယ်။ 
“သေချာတာပေါ့ကွာ.. ဘ၀မှာ ကြုံလာသမျှပြသနာတိုင်းဟာလည်း
ဒါနဲ့ထပ်တူပဲ ။ ပြသနာဆိုတာကို မင်းတို့ရဲ့ ခေါင်းထဲမှာ ခဏပဲထည့်ထားကြည့်
ဘာမှမဖြစ်သယောင်ထင်နေရမယ်။ အေး ဒါပေမဲ့ အချိန်အကြာကြီး ခေါင်းထဲထည့်ထားမယ်ဆိုရင်တော့
မင်းတို့ခေါင်းတွေကိုက်လာမယ်။ ဒီထပ်နည်းနည်းကြာအောင် ထည့်ထားဦးမယ်ဆိုပါစို့။
မင်းတို့တွေလေးလံထုံ့မှိုင်းပြီး ဘာမှ လုပ်နိုင်တော့မှာမဟုတ်ဘူး” လို့ ဆရာက
ပြောလိုက်တယ်။
(
ပုံပြင်လေးကတော့ ဒီနေရာမှာ အဆုံးသတ်သွားပါပြီး ဒါပေမဲ့  အတွေးကတော့ အဆုံးမသတ်သေးဘူးခင်ဗျ….)
အထက်က ပုံပြင်ကနေ ရိုးရှင်းပြီး အလွန်အံ့သြစရာကောင်းတဲ့
အသိတခုကို ရလိုက်ပါတယ်။ ကျနော်တို့မှာရှိတဲ့ ပြသနာတွေဟာ သူ့အတိုင်းဆိုရင် သိပ်ကိစ္စမရှိပေမဲ့
ဒါတွေကို ထွက်သွားခွင့်မပြုဘဲ ထားလိုက်မယ်ဆိုရင်တော့ တကယ့်ပြသနာတွေဖြစ်လာပါလိမ့်မယ်။
ပြသနာတစ်ခု( လူ သို့မဟုတ် အခြေအနေတခု) ကို စိုးရိမ်နေခြင်းဟာ
ကျနော်တို့မျှော်လင့်ထားတဲ့ ကောင်းမွန်တဲ့ ရလဒ်တခုကို ပေးစွမ်းနိုင်မှာ
မဟုတ်တာကိုတော့ ကျနော်တို့အားလုံး သိထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့
အချိန်တိုင်းလိုလိုမှာ ကျနော်တို့ဟာ ပြသနာကို တွေးပြိး ပူပန်နေကြတယ်။ ဒါဟာ ပြသနာကိုပိုပြီးကြီးလာစေတဲ့အပြင်
ကျနော်တို့ အနီးမှာရှိနေတဲ့ လူတွေနဲ့ ပတ်ဝန်းကျင်ကိုပါ သက်ရောက်မှုရှိနေပါတယ်။
ဖန်ခွက်ကိုချထားလိုက်ပါ ဆိုတာဟာ
အလွန်အရေးကြီးတဲ့ အလုပ်တခုဖြစ်တယ်။ကျနော်တို့ရဲ့ နေ့စဉ်ဘ၀ တွေမှာ  အမြဲတမ်းလုပ်နေရမဲ့ အရာတခုလည်းဖြစ်တယ်။
အိမ်မှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ် ပြသနာတစ်ခု ရှိလာပြီဆိုရင်
အမြဲတမ်းသူအလိုလို ထွက်သွားစေခြင်းဟာ အရေးအကြီးပါတယ်။ ဒီလိုဆို ကျနော်တို့ဟာ
ဘ၀မှာနေပျော်လာမှာပါ။ တစ်ခုခုကို ဆုပ်ကိုင်ခြင်းဟာ ပြသနာကို  ကြီးသထက်ကြီးလာစေရုံပဲ ရှိပါတယ်။
ထွက်သွားခွင့်ပြုလိုက်ခြင်းသာလျှင် မလိုအပ်တဲ့စိတ်ဖိစီးမှုတွေ မရရှိတော့ပဲ  စိတ်ဟာ သက်တောင့်သက်သာဖြစ်ပြီး
ဘ၀ရဲ့  တခြားအရေးပါတဲ့နေရာတွေကို အာရုံစူးစိုက်နှစ်မြုပ်ဖို့ အသင့်ရှိနေမှာပဲ ဖြစ်ပါတယ်။
 
စူးရှ
Put Down The Glass ကို ဘာသာပြန်ပါသည်။ 

No comments:

Post a Comment